အမျိုးသားနေ့ကိုအမှီပြုပြီးစစ်ကောင်စီရဲ့ဒေါက်တိုင်စီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်ဖို့တနိုင်ငံလုံးမှာဆော်သြနေကြတယ်။ထိုကန်ပိန်းရဲ့အကျိုးဆက်အဖြစ်ရန်ကုန်မှာစစ်တပ်ပိုင်လိုင်းကားတွေမှာစီးနင်းသူတွေသိသိသာသာနည်းသွားတယ်။မြန်မာဘီယာကုမ္မဏီလဲအတော်အထိနာနေတယ်။ရောင်းအားလေးဆယ်ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်လို့သိရတယ်။ဖက်စပ်ပိုင်တဲ့ဂျပန်ကီရင်ကုမ္မဏီတောင်မြန်မာပြည်ကပြန်ထွက်ဖို့လုပ်နေပြီ။
မင်းအောင်လှိုင်ရှယ်ယာပါတဲ့မိုင်တဲဆက်သွယ်ရေးကုမ္မဏီလဲထိုနည်းလည်းကောင်းပဲ။တနိုင်ငံလုံးမှာမိုင်တဲတာဝါတိုင်နှစ်ရာနီးပါးဖျက်ဆီးခံလိုက်တော့ဆုံးရှုံးမှုကနည်းမှာမဟုတ်ဘူး။တခြားအထိနာနေတဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေလဲရှိသေးတယ်။ဒါပေမယ့်နိုင်ငံဘဏ္ဍာကိုအပိုင်စီးထားတဲ့သူတို့အတွက်သိပ်တော့သိသာမယ်မထင်ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


