ရန်ကုန်မြို့ကနာမည်ကြီးစျေးဝယ်စင်တာတစ်ခုဖြစ်တဲ့မြန်မာပလာဇာမှာလူငယ်ငါးဦးခန့်ဆန္ဒပြပွဲလုပ်ကြတယ်။အဲ့ဒီမှာပလာဇာလုံခြုံရေးဝန်ထမ်းတွေကအတင်းထိုးကြိတ်ဖမ်းဆီးကြတယ်။ထိုသတင်းဟာလူထုကြားချက်ချင်းရောက်သွားပြီးမြန်မာပလာဇာကိုသပိတ်ဝိုင်းမှောက်ကြဖို့ဝိုင်းဝန်းဆော်သြကြတယ်။သိပ်မကြာခင်အချိန်အတွင်းမှာပဲမြန်မာပလာဇာကဆိုင်ခန်းတချို့ပိတ်သိမ်းကြောင်းကြေငြာချက်တွေဆိုရှယ်မီဒီယာတွေပေါ်တက်လာတယ်။ပလာဇာဘက်ကတောင်းပန်ကြောင်းပန်ကြားချက်ထွက်လာပေမယ့်မမှီတော့ဘူး။လူထုရဲ့boycottဟာချက်ချင်းအကျိုးသက်မှုရှိသွားတယ်။နောက်နေ့မှာတော့ပလာဇာတစ်ခုလုံးနီးပါးဆိုင်ခန်းတွေပိတ်ထားတာပြီးစျေးဝယ်သူတွေလဲမရှိသလောက်နည်းပါးသွားတယ်။
ဒီဖြစ်ရပ်ဟာရန်ကုန်မြို့နေလူထုတရပ်လုံးတော်လှန်ဘက်မှာအပြည့်အဝရပ်တည်နေဆဲပဲဆိုတာပြသလိုက်တာပဲ။လူတွေဟာလမ်းပေါ်ထွက်ဆန္ဒပြလို့မရတော့ပေမယ့်ကိုယ်နိုင်တဲ့တာဝန်ကိုတော့တတ်နိုင်သလောက်ထမ်းဆောင်နေကြတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...