မြို့ကြီးတွေရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာWFPကဆန်အိတ်တွေဝေနေတယ်။မရှိဆင်းရဲသားတွေကိုအဓိကထားပြီးပေးဝေနေတာတွေ့ရတယ်။တအိမ်ထောင်ကိုဆန်တစ်အိတ်နှုန်းရပြီးWFPကဝန်ထမ်းတွေကိုယ်တိုင်အောက်ခြေထိစာရင်းလိုက်ကောက်တော့တကယ်မရှိတဲ့ပြည်သူတော်တော်များများရကြတာပေါ့။ဆန်ကတော့သိပ်မကောင်းဘူး။
ခုလိုအခြေအနေမျိုးနာဂစ်မုန်တိုင်းတိုက်တုန်းကတစ်ခါကြုံဖူးတယ်။အဲ့တုန်းကတော့နိုင်ငံတကာကပေးတဲ့အကူအညီတွေဟာအောက်ခြေထိရောက်မလာပဲသက်ဆိုင်ရာအာဏာပိုင်တွေကရောင်းစားပြီးအိတ်ထဲထည့်လိုက်ကြလေရဲ့။စစ်တပ်ရဲ့အကျင့်ဆိုးတွေကိုသိလို့အခုတော့INGOတွေဟာအောက်ခြေထိဖိဖိစီးစီးကိုင်တွယ်နေတဲ့သဘောပဲ။အလေအလွင့်မရှိပဲရသင့်ရထိုက်တဲ့သူတွေရသွားတာပေါ့။