မန္တလေးမြို့မှာလှုပ်ရှားသွားလာနေတဲ့သူတွေအကုန်စစ်ကောင်စီရဲ့အဓိပ္ပါယ်မရှိတဲ့အမိန့်တွေကြောင့်ဒုက္ခရောက်နေကြတယ်။မန္တလေးဟာမြန်မာနိုင်ငံမှာဆိုင်ကယ်အများဆုံးမြို့တော်ပါ။အဲ့ဒီလိုမြို့မှာဆိုင်ကယ်ကိုနှစ်ယောက်မစီးရအမိန့်ထုတ်တယ်။စစ်ကောင်စီတပ်သားတွေကိုဆိုင်ကယ်တွေလဲလာရောက်ပစ်ခတ်သွားလို့အကြောက်လွန်နေကြတယ်။အမိန့်ထုတ်ရုံနဲ့မပီးသေးဘူး။အစစ်အဆေးတွေအရမ်းကြမ်းနေတယ်။လိုင်စင်၊ဝှီးတက်အပြည့်အစုံပါလဲအပစ်ရှာပြီးငွေညစ်တယ်၊ဆိုင်ကယ်ပါသိမ်းတယ်။နောက်ဆုံးအပစ်ရှာမရရင်နှာခေါင်းစည်းတပ်လဲဖမ်းတယ်၊မတပ်လဲဖမ်းတယ်။စစ်ဆေးရေးရှိလို့အနားရောက်မှရှောင်မောင်းရင်လဲအမေးမြန်းမရှိပစ်ခတ်သေးတယ်။တကယ့်ကိုတရားလက်လွတ်ပြုမူနေကြတယ်။နေ့စဉ်ဆိုင်ကယ်ကိုသာအားပြုနေရတဲ့တမြို့လုံးကပြည်သူတွေဟာသွားရလာရတာအဆင်မပြေတော့ဘူး။ ဆင်ခြင်တုံတရားမရှိတဲ့ကောင်တွေရဲ့အနိုင်ကျင့်တွေအောက်ကဘယ်တော့မှလွတ်မြောက်မှာလဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


