အရင်ရက်တွေကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာပွဲတွေကောင်းခဲ့သလိုဒီရက်ပိုင်းမှာလဲမကွေး-စစ်ကိုင်းအစပ်နယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဘက်ကထုံးစံအတိုင်းရဟတ်ယာဥ်တွေပါသုံးနေရတယ်ဆိုတော့အထိနာနေတယ်ဆိုပါတော့။
ထိုနယ်မြေမှာပဲရှေ့တန်းကပြန်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဒေသခံပြည်သူတွေကသပြေပန်းတွေနဲ့သောင်းသောင်းဖျဖျကြိုဆိုနေကြတဲ့ပုံတွေတက်လာတယ်။အဲ့ဒီပုံတွေတွေ့တော့ဟိုးအရင်ငယ်စဉ်တုန်းကတီဗီမှာမကြာခဏပါလာတတ်တဲ့တပ်မတော်သားတွေကိုပြည်သူကကြိုဆိုကြတဲ့ပုံရိပ်တွေကိုပြန်သတိရမိတယ်။အခုတော့ပြောင်းပြန်တွေဖြစ်ကုန်ပြီ။မြန်မာ့တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုလုံးဟာအကြမ်းဖက်သူပုန်တွေဖြစ်ကုန်ကြပြီ။တစ်နိုင်ငံသူတို့ကိုလက်မခံပဲတော်လှန်ပုန်ကန်နေကြပြီ။