အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကိုဒီနေ့ကျင်းပတယ်။ NUCCဆိုတာNUGကိုမွေးဖွားပေးလိုက်တဲ့နေရာပဲ။CRPH၊EAO၊တိုင်းရင်းသားခေါင်းဆောင်တွေ၊သပိတ်အဖွဲ့တွေ စသဖြင့်စုပေါင်းဖွဲ့စည်းထားတဲ့အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုပဲ။သူ့ရဲ့အဓိကရည်ရွယ်ချက် ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်စစ်မှန်စွာပေါ်ထွန်းလာဖို့လုပ်ဆောင်နေတယ်။
အခုသတင်းစာရှင်းလင်းပွဲမှာတော့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တချို့ကိုတင်ပြသွားတယ်။နောက်လထဲမှာပြည်သူ့ညီလာခံကြီးတစ်ခုလုပ်မယ်ပြောတယ်။ဘယ်လိုပုံစံနဲ့လုပ်မလဲတော့မသိသေးဘူး။NUCC အောင်မြင်လာတာနဲ့အမျှနိုင်ငံရဲ့အနာဂတ်ဟာပိုမိုအာမခံချက်ရှိမှာပဲ။