ဒီနေ့မှာလဲဂျပန်ကနိပွန်အသင်းဥက္ကဌရောက်လာတယ်။သူကတော့ရခိုင်ပြည်နယ်မှာဆက်လက်အပစ်ရပ်ရေးအတွက်လာတာလို့ပြောတယ်။ရှင်းရှင်းပြောရရင်ဂျပန်ကိုယ်စားလှယ်ကိုမကြိုဆိုချင်ဘူး။ ဒီအချိန်မှာစစ်တပ်ကိုတွန်းလှန်နေတဲ့ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ်အပစ်ရပ်နေတာထပ်ပစ်နေတာပိုကောင်းတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်လဲရောက်နေတယ်ကြားတယ်။လာရင်းကိစ္စကတော့ခုထိမသိရသေးဘူး။ထိုင်းဟာစစ်ကောင်စီဖက်ကဆိုတော့ကောင်းသောလာခြင်းဖြစ်နိုင်ချေနည်းတယ်။
ဒီရက်ပိုင်းလေးအတွင်းမှာပဲရောက်လာတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေရဲ့ရည်ရွယ်ချက်အမှန်တွေကိုသိပ်မကြာခင်ကာလတွေမှာမြင်တွေ့ရဖို့ရှိမယ်။မြန်မာ့အရေးဟာကိုးလကြာနေပေမယ့်ကမ္ဘာကိုလှုပ်ခတ်စေနိုင်တုန်းပဲ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။