ဧရာဝတီတိုင်းမှာချောင်းသာကမ်းခြေကနေပုသိမ်ကိုပြန်လာတဲ့စစ်ကောင်စီခန့်ဝန်ကြီးယာဉ်တန်းအလစ်ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတယ်။လုံခြုံရေးလိုက်ပါလာတဲ့စစ်သားဆယ်ဦးခန့်သေဆုံးသွားပြီးဝန်ကြီးရဲ့အခြေအနေကိုတော့မသိရှိရသေးဘူး။ပုသိမ်ကလိုက်လာတဲ့စစ်ကူတပ်တွေကတော့တိုက်ခိုက်ခံရတဲ့နေရာတဝိုက်ကိုတောနင်းပြီးရှာဖွေနေကြတယ်။PDFတွေကတော့လျင်မြန်သွက်လက်စွာနဲ့တပ်ဖျောက်သွားကြပြီ။
ပြီးခဲ့တဲ့လကလဲစစ်ကိုင်းတိုင်းကPDFတွေကိုသုံးလအတွင်းအပြတ်ရှင်းမယ်လို့ကြွေးကြော်နေတဲ့စစ်ဗိုလ်ချုပ်သန်းလှိုင်ရဲ့ယာဥ်တန်းတိုက်ခိုက်ခံရသေးတယ်။ဗိုလ်သန်းလှိုင်လဲအဲ့ဒီနောက်ပိုင်းအသံတိတ်သွားတော့တာပဲ။
အခုဆိုရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေကိုယ်တိုင်တိုက်ခိုက်ခံနေရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်တောင်မှပဲသွားမယ့်လမ်းကြောင်းတွေကိုအချိန်ကပ်မှထုတ်ပြန်တယ်လို့ကြားရတယ်။တပ်တွင်းဖရဲသီးတွေကြောင့်သတင်းပေါက်ကြားမှုကလဲဆက်တိုက်ဆိုသလိုပဲ။သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုံခြုံရေးတောင်စိုးရိမ်စရာဖြစ်လာပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


