ရန်ကုန်၊မုံရွာ၊မိထ္တီလာ၊ထားဝယ်စတဲ့မြို့တွေနဲ့နိုင်ငံတဝန်းကတချို့မြို့ကြီးတွေမှာဆိုင်ကယ်စီးရင်ယောကျ်ားလေးနှစ်ယောက်မစီးရဆိုတဲ့ကြောင်တောင်တောင်အမိန့်ကိုစစ်ကောင်စီကထုတ်ပြန်လိုက်တယ်။မြို့ပေါ်ကသူတို့ကင်းစခန်းတွေကိုဆိုင်ကယ်နဲ့အလစ်ဝင်ရောက်တိုက်ခိုက်သွားတတ်လို့အကြောက်လွန်နေတာဖြစ်မယ်။အမိန့်ကိုမလိုက်နာရင်အမေးမြန်းမရှိပစ်ခတ်မယ်ဆိုတာပါသေးတယ်။
ရန်ကုန်မှာဆိုအရင်ထဲကဆင်ခြေဖုံးမြို့နယ်တွေမှာနားလည်မှုနဲ့သွားလာနေတဲ့ဆိုင်ကယ်တွေကိုတောက်လျောက်ဖမ်းနေတာပါ။ဆိုင်ကယ်သမားတွေလဲကျီးလန့်စာစားသွားနေရတာ။ထိုကြောင်တောင်တောင်အမိန့်ဟာစားစရာမရှိလို့ဆိုင်ကယ်ကယ်ရီဆွဲနေရတဲ့လူတန်းစားတွေကိုအဓိကထိခိုက်စေလိမ့်မယ်။
စစ်သူပုန်တွေဟာသေနတ်ကြီးတကားကားနဲ့ပြည်သူတွေကြားဘယ်ကပေါ်လာမှန်းမသိတဲ့ရန်သူကိုဒူးတုန်အောင်ကြောက်နေရပြီ။သူတို့ဘာအမိန့်ပဲထုတ်ထုတတ်တိုက်ခိုက်မှုတွေကလျော့ကျသွားမှာမဟုတ်ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


