ဒီရက်ပိုင်းနိုင်ငံကြီးတွေကကိုယ်စားလှယ်တွေမြန်မာပြည်ကိုရောက်လာနေကြတယ်။
ပထမဆုံးရောက်လာတာကအမေရိကန်သံတမန်ဟောင်းတစ်ယောက်ပဲ။မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးဖမ်းဆီးခံထားရတဲ့သူ့နိုင်ငံသားတွေကိုလွှတ်ပေးဖို့ဆွေးနွေးသွားတယ်လို့သတင်းထုတ်ပြန်တယ်။
နောက်တစ်ယောက်ကကတော့တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးဆွန်ကော့ရှန်ပဲ။သူကသြဂုတ်လတုန်းကတစ်ခေါက်လာပြီးစစ်ကောင်စီကိုနားချဖူးတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လဲတွေ့ခွင့်တောင်းရာမှာတွေ့ခွင့်မရလို့ခရီးစဉ်အောင်မမြင်ပဲပြန်သွားရတယ်။အခုလဲနောက်တစ်ခေါက်ရောက်လာပြန်ပြီ။ဘာလာလုပ်မှန်းတော့မသိသေးဘူး။အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေလာရောက်မှုဟာဒီလထဲမှာကျင်းပမယ့်အမေရိကန်-တရုတ်ထိပ်သီးအစည်းအဝေးပွဲနဲ့ဆက်စပ်နေလိမ့်မယ်။နောက်ပြီးဒီလထဲမှာပဲအာဆီယံ-တရုတ်အစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတက်ခွင့်ပေးမပေးအဆုံးအဖြတ်ပေးနိုင်တယ်။အာဆီယံ-အီးယူအစည်းအဝေးကိုတော့စစ်ခေါင်းဆောင်ကိုတက်ခွင့်မပေးဘူးပြောထားတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


