နိုင်ငံတဝန်းမြို့ကြီးတွေမှာပျောက်ကျားတိုက်ခိုက်ခံမှုတွေပိုအရှိန်မြင့်လာသလိုအကြိမ်ရေလဲပိုစိပ်လာပြီ။အရင်ကဆိုစစ်တပ်ရဲ့မြို့ပေါ်တွေကယာယီကင်းစခန်းတွေလောက်ကိုသာတိုက်ခိုက်ခံရပေမယ့်အခုဆိုရင်တပ်ရင်းဌာနချုပ်တွေအထိပျောက်ကျားတိုက်ခိုက်ခံနေရပြီ။
ရန်ကုန်မှာဆိုမင်္ဂလာဒုံလေတပ်စခန်းအဝင်ပေါက်နဲ့အုပ်ချုပ်ရေးမှုးရုံးစသဖြင့်ပါဝင်လာသလိုမုံရွာမှာလဲစစ်တပ်ကတပ်ဆွဲထားတဲ့ဆည်မြောင်းရုံးကိုမြို့ပြပျောက်ကျားအဖွဲ့တွေအလစ်ဝင်တိုက်လို့စစ်သူပုန်ခြောက်ဦးခန့်သေဆုံးသွားတယ်။မုံရွာမြို့ပေါ်ကအမှတ်၁နဲ့၂ရဲစခန်းတွေကတော့အရင်ကတည်းကမကြာကြာလက်တည့်စမ်းခံနေရတယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့တပ်ထဲနေတာတောင်မလုံခြုံတော့တဲ့ဘဝရောက်လာတော့မယ်။