ဒီနေ့ဟာပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲကြီးတနှစ်တိတိပြည့်တဲ့နေ့ဖြစ်တယ်။မနှစ်ကဒီလိုနေ့မျိုးမှာတနိုင်ငံလုံးကပြည်သူတွေဟာကိုဗစ်ရောဂါတွေကြားမဲရုံတွေကိုအရောက်သွားပြီးဒီမိုကရေစီစနစ်ဆက်လက်ရှင်သန်ရေးအတွက်ကိုယ်ကြိုက်တဲ့အစိုးရကိုမဲပေးရွှေးချယ်ခဲ့ကြတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွှေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLDအစိုးရကိုပဲဆက်လက်ရွှေးချယ်ခဲ့ကြတယ်။
အခုတော့ဒါတွေအားလုံးသဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။အာဏာရူးနေတဲ့မင်းအောင်လှိုင်ဟာပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီးအာဏာသိမ်းခဲ့တယ်။နိုင်ငံရဲ့အခြေအနေဟာလဲမနှစ်ကဒီလိုအချိန်နဲ့နှိုင်းယှဉ်ရင်အရာအားလုံးထိုးစိုက်ဆင်းသွားပြီ။အာဏာရူးတယောက်ကြောင့်သန်းငါးဆယ်ကျော်သောပြည်သူတွေဒုက္ခပေါင်းစုံခံစားနေရတယ်။ပြန်လည်လွတ်မြောက်ရေးအတွက်အရင်းအနှီးများစွာပေးဆပ်ပြီးတိုက်ပွဲဝင်နေရပြီ။
အရင်လိုအချိန်တွေအမြန်ပြန်လိုချင်နေပြီ။