စစ်တပ်ဟာချင်းပြည်နယ်မှာထိုးစစ်ဆင်ရင်းတပြိုင်နက်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာစစ်ကြောင်းတွေထိုးနေတယ်။အလောင်းမင်းတရားစစ်ဆင်ရေးလို့အမည်တပ်ပြီးကောလင်း၊ထီးချိုင့်၊ကသာစတဲ့နယ်မြေတွေကိုရဟတ်ယာဉ်တွေသုံးပြီးအင်အားဖြည့်နေတယ်။ဒီရက်ပိုင်းမှာပဲဒေသခံကာကွယ်ရေးတပ်တွေနဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်တပ်ဟာအကျအဆုံးများတဲ့အတွက်မနေ့ကဆိုရဟတ်ယာဉ်တွေသုံးပြီးလေကြောင်းပစ်ကူပါပေးနေရတယ်။
ထိုနယ်မြေတွေကPDFတွေဟာအရင်ကတည်းကလက်သံပြောင်ကြတယ်။KIAနယ်မြေနဲ့နီးတော့အကူအညီတွေရတာလဲပါမှာပေါ့။တိုက်ပွဲတစ်ခါဖြစ်ရင်စစ်သူပုန်တွေအနည်းဆုံးသုံးဆယ်၊လေးဆယ်အကျအဆုံးရှိတယ်။ခုရက်ပိုင်းတိုက်ပွဲတွေမှာတင်တရားဝင်စာရင်းတွေအရတစ်ရာကျော်သေဆုံးကုန်ပြီ။တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေဦးမယ့်အခြေအနေမှာရှိတယ်။ဒေသခံပြည်သူတွေကတော့ထုံးစံအတိုင်းနေရပ်စွန့်ခွာပြေးနေရပြီ။ရွာတွေလဲစစ်သူပုန်တွေလက်ချက်နဲ့မီးရှို့ခံနေရပြီပေါ့။