ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာပြည်သူတွေရဲ့ခုခံစစ်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်သား၁၈၀၀ကျော်သေဆုံးခဲ့တယ်။ဒါဟာအာဏာသိမ်းပြီးနောက်ပိုင်းတစ်လအတွင်းမှာအကျအဆုံးအများဆုံးအရေအတွက်ပဲ။NUGကခုခံစစ်ကြေငြာတဲ့စက်တင်ဘာလမှာစစ်ကောင်စီဘက်တော်သား၁၀၀၀ကျော်သေဆုံးခဲ့ပြီးဒီလမှာတော့နှစ်ဆနီးပါးတက်လာတဲ့သဘောပဲ။
တနိုင်ငံလုံးမှာတိုက်ပွဲတွေဟာအရှိန်အဟုန်ပိုကောင်းလာနေပြီ။တူမီးတွေနဲ့စခဲ့တဲ့ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေမှာဆိုရင်ရိုင်ဖယ်တွေကိုင်နိုင်နေကြပြီ။တခြားLocalPDFတွေရဲ့လှုပ်ရှားမှုတွေဟာလဲတောရောမြို့မှာပါခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ဒါပေမယ့်လဲနောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ကတော့အတော်အလှမ်းဝေးနေပါသေးတယ်။ဘာပဲဖြစ်ဖြစ်နောက်လတွေမှာစစ်သူပုန်တွေမြေသြဇာဖြစ်နှုန်းဟာဒီထက်ပိုများလာဖို့ပဲရှိမယ်။