စစ်ကောင်စီဟာဒီလကစပြီးကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတယ်။မနေ့ကအခြေခံပညာကျောင်းတော်တော်များများဖွင့်ခိုင်းထားပြီးအဆင့်မြင့်ပညာပိုင်းမှာတော့အဝေးသင်တက္ကသိုလ်တွေကျောင်းအပ်လက်ခံတယ်။ဒါပေမယ့်လဲမနေ့ကစာရင်းတွေအရတပြည်လုံးမှာရှိတဲ့ကျောင်းသားဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းခန့်သာစာသင်ခန်းထဲရောက်လာကြတယ်။
ဒီကာလကြီးမှာဘယ်မိဘမှကိုယ့်ကလေးကိုကျောင်းတက်ခိုင်းမှာမဟုတ်ဘူး။ပိုဆိုးတာကကျောင်းတွေရှေ့မှာအခုဆိုရင်စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူနေကြတာတွေ့ရတယ်။သူတို့လုံခြုံရေးယူတဲ့နေရာတိုင်းမှာမလုံခြုံသလိုခံစားနေရတာအားလုံးအသိပဲလေ။သူတို့ကြောင့်ကျောင်းတွေရှေ့မှာပေါက်ကွဲမှုတွေဖြစ်လာရင်PDFတွေလုပ်တာပါဆိုပြီးလွှဲချဦးမှာပဲ။ကြားထဲကကလေးတွေကဓားစာခံဖြစ်သွားနိုင်တယ်။ဒီပုံအတိုင်းဆိုကလေးတွေလဲကျောင်းတစ်နှစ်ထပ်အောက်ဦးမယ့်အခြေအနေပဲ။