အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းကိုးလပြည့်မိန့်ခွန်းဆိုပြီးဒီနေ့အသံလွှင့်တယ်။ပြည်သူတွေကိုအစားလျော့စားဖို့ပြောသွားသေးတယ်။ဘယ်လိုဦးနှောက်တွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်မလဲမသိဘူး။ကိုးလပြည့်တဲ့အချိန်ထိသက်ဆိုးရှည်နေတာကိုလဲအံသြမဆုံးဘူး။တကယ်တမ်းပြည်သူတွေကအလျော့မပေးပေမယ့်နောက်ဆုတ်စရာလမ်းမရှိတော့တဲ့စစ်ခေါင်းဆောင်အတွက်ကတော့နောက်ဆုံးအချိန်ထိပေကပ်ပြီးနေသွားဦးမှာပဲ။အဲ့ဒီနောက်ဆုံးအချိန်ဆိုတာဘယ်တော့ရောက်လာမှာလဲဆိုတာကိုလဲဘယ်သူမှမပြောနိုင်ကြဘူး။ဒီလိုနဲ့ပဲတဝဲလည်လည်နဲ့ပြည်သူတွေလဲလုံးပါးပါးတော့မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


