Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နိုင်ငံတော်အကြီးအကဲများဘက်မှ ဦးဝင်းထိန် သက်သေထွက်ရန် စီစဉ်

စွဲဆိုခံထားရသည့် အမှုများ၌ အပြစ်မရှိကြောင်း တစ်ပါးသူ လူသက်သေတင်လျှင် စစ်ကောင်စီ၏ ရန်ရှာခံရမည်ကို စိုးရိမ်သည့် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ဘက်မှ ထောင်ဒဏ်နှစ် ၂၀ ချခံရပြီးဖြစ်သည့် ဦးဝင်းထိန်ကို သက်သေတင်ရန် စီစဉ်နေသည်။

November 5, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
နေပြည်တော်တွင် ၂၀၁၆က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဦးဝင်းထိန်။ (ဓာတ်ပုံ – EPA)

စစ်ကောင်စီက စွဲဆိုထားသည့် အမှုများတွင် အပြစ်မရှိကြောင်း တစ်ပါးသူကို သက်သေတင်လျှင် စစ်ကောင်စီက ရန်ရှာမည်ကို စိုးရိမ်သည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ ထောင်ဒဏ် ၂၀ နှစ်ချမှတ်ခံထားရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  နာယက ဦးဝင်းထိန် သက်သေထွက်ရန် စီစဉ်နေသည်။

အာဏာသိမ်းပြီး ၉ လကျော်အတွင်း အမှုပေါင်း ၁၁ မှု ရင်ဆိုင်နေရသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမှု ၂ ခု ရင်ဆိုင်နေရသည့် NLD ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့မှာ ပြီးခဲ့သည့် တရားခွင်များအတွင်း လူသက်သေမတင်ဘဲ ကိုယ်တိုင်ထုချေနေခြင်းဖြစ်သည်။

ထိုအခြေအနေ၌ အောက်တိုဘာ ၂၉တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင် နှစ် ၂၀ ချခံရပြီး နေပြည်တော်အချုပ်ထောင်၌ ရှိနေသူ အသက် ၈၀ အရွယ် ဦးဝင်းထိန်ကို အချို့အမှုများတွင် နိုင်ငံတော်အကြီးအကဲများဘက်မှ သက်သေထွက်ရန် တရားရုံးခွင့်ပြုချက်တောင်းထားကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုပေးရန်ရှိမရှိ စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

“ဦးဝင်းထိန်ကို ပြစ်ဒဏ်ချပြီးတော့ နေပြည်တော်အချုပ်ထောင်ကနေ မန္တလေးအိုးအိုထောင်ကို စစ်ကောင်စီက ပြောင်းဖို့ အစီအစဉ် သက်သေထွက်ဖို့ရှိလို့ ရွှေ့ထားတယ်”ဟု ထိုသူက ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ တစ်ပတ်လျှင် လေးရက် ရုံးထုတ်စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၊ တစ်ပတ်တစ်ရက် တရားရင်ဆိုင်နေရသည့် ဦးဝင်းမြင့်တို့၏ မည်သည့်အမှုများတွင် ဦးဝင်းထိန်က သက်သေထွက်မည်ဆိုသည်ကိုမူ ထိုပုဂ္ဂိုလ်က ထုတ်ဖော်မပြောပေ။

ဥပဒေအရဆိုလျှင် ဦးဝင်းထိန် သက်သေခံပိုင်ခွင့်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

“ဥပဒေအရ ပြစ်ဒဏ်ချခံထားရသူ သက်သေမထွက်ရဘူးလို့ ကန့်သတ်မထားဘူး။ စွပ်စွဲခံရတဲ့ အမှုနဲ့ သက်ဆိုင်တဲ့သူ၊ အပြစ်မရှိကြောင်း သက်သေပြနိုင်တဲ့သူ ဘယ်သူ့ကိုမဆို တင်ခွင့်ရှိတယ်။ တရားရုံးက ခွင့်ပြုပေးသင့်တယ်။ တရားရုံးဆုံးဖြတ်ချက်ပေါ်မှာတော့ မူတည်တယ်”ဟု  ဦးသိန်းဦးက မှတ်ချက်ပြုသည်။

ထိန်းသိမ်းခံရပြီး ရက်ပိုင်းအကြာမှ NLD ပါတီက ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ စစ်ကောင်စီက စွဲဆိုထားသည့် မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) အမှုကို ယခုလအတွင်း အပြီးသတ်အမိန့်ချမည်ဖြစ်သည်။

ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပြင် အခြားသော NLD ခေါင်းဆောင်တစ်ဦးဖြစ်သည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားပြီး ၎င်းတို့ကလည်း ရှေ့နေတစ်ဖွဲ့တည်းဖြင့် အမှုရင်ဆိုင်နေကြသည်။

ထို့အတူ NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ငွေများ လာဘ်ပေးခဲ့ရပါသည်ဆိုသော ထွက်ဆိုချက်အပေါ် အခြေခံပြီး တရားစွဲထားသည့် အဂတိမှု တစ်မှုတွင် ထုတ်ဖော်စွပ်စွဲထားသူနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိသည့် ဦးဝင်းထိန်က စွပ်စွဲခံရသူဘက်မှ သက်သေထွက်ရန် ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပါ။

NUG တရားရေးဝန်ကြီး ဦးသိန်းဦးကမူ ဦးဝင်းထိန်သည် NLD အစိုးရလက်ထက် ခန့်ထားသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များအပေါ် ဩဇာညောင်းပြီး စွမ်းဆောင်ရည်ကို စောင့်ကြည့်နေသူဖြစ်၍ ဦးဖြိုးမင်းသိန်းက လာဘ်ပေးခဲ့ရသည်ဟု စွပ်စွဲခံထားရသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်လျှင် အပြစ်မရှိကြောင်း မှန်ကန်စွာ ထုချေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ဦးဝင်းထိန်ကို သက်သေထွက်စေခြင်းအားဖြင့် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေက ဘယ်လောက်ထိ တိကျတယ်၊ မှန်ကန်တယ်ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အနေအထားရှိတယ်”ဟု ၎င်းက ပြောသည်။

၁၉၇၆ မှစ၍ ယနေ့အထိ စစ်အာဏာရှင်သုံးဆက်စလုံးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ထောင်ဒဏ်ပေါင်း နှစ် ၄၀ ခန့် အပြစ်ပေးခံရဖူးသည့် တပ်မတော်သား၊ ဗိုလ်ကြီးဟောင်း၊ NLD နာယက ဦးဝင်းထိန်မှာ ဟုတ်သည်၊ မှန်သည် ထင်သမျှကို တုတ်ထိုးအိုးပေါက်ပြောဆိုမှုများ၊ ယုံကြည်ချက်ကို မဖောက်ပြန်သည့် ရပ်တည်မှုများကြောင့် နာမည်ကြီးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုအရေအတွက်၊ ပုဒ်မနှင့် အမြင့်ဆုံးထောင်ဒဏ်များ။ (ဒီဇိုင်း – Myanmar Now)

Source: Myanmar Now

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English