Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ၏ PR စနစ်ကို NDF ပါတီကပင် သဘောမတွေ့

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုလာသည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR) ကို စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေ ဦးဆောင်သည့် NDF ပါတီကပင် သဘောမတွေ့ဖြစ်နေသည်။

November 5, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေပြင်ဆင်ရေး သဘောတူမတူ မဲပေးနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော်၌ ၂၀၂၀ မတ်လတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

အာဏာသိမ်းစစ်တပ်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အဆိုပြုလာသည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR) ပုံသဏ္ဌာန်ကို စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေ ဥက္ကဋ္ဌတာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကပင် သဘောမတွေ့ဖြစ်နေသည်။

ရန်ကုန်တိုင်း၊ အစိုးရအဖွဲ့ရုံး၌ ယနေ့ (နိုဝင်ဘာ ၅)တွင် နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ပြိုင်တိုင်း အပြတ်အသတ်အနိုင်ရလေ့ရှိသည့် မဲအများဆုံးသူအနိုင်ရ (FPTP) စနစ်အစား ပါတီအလိုက် ရရှိသည့် မဲအရေအတွက်ပေါ်မူတည်၍ ကိုယ်စားလှယ်နေရာ ခွဲဝေရယူမည့် PR ကို စစ်ကောင်စီဘက်က မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

UEC က အဆိုပြုသည့်​ PR စနစ်မှာ မဲဆန္ဒနယ်သတ်မှတ်ရာတွင် လူဦးရေကို အခြေမခံဘဲ ခရိုင်အလိုက် ခွဲတမ်းချသည့် ပုံစံဖြစ်၍ အခွင့်အရေးမညီမျှသည့် သဘောဆောင်နေကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရသည့် NDF ပါတီမှ ဦးအောင်ဇင်က သုံးသပ်သည်။

“ကျွန်တော်ကတော့ လူဦးရေအနည်းအများအရ မညီမျှဘူးလို့ မြင်တယ်။ ခွဲတမ်းမှာလည်း မညီမျှဘူးလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဆွေးနွေးပွဲသို့ တင်သွင်းသည့် PR စနစ်မှာမူ UEC ၏ အဆိုပြုချက်နှင့် ကွဲပြားခြင်းမရှိကြောင်း ဦးအောင်ဇင်က ဆက်ပြောသည်။

UEC နှင့် USDP တို့၏ ရွေးကောက်ပွဲစနစ်ပြောင်းရန် အဆိုပြုချက်များမှာ စစ်တပ်ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းထားပြီး လွှတ်တော်များအတွက် ရွေးကောက်တင်မြှောက်မှုပုံစံကို FPTP စနစ်သဘောသာ ထည့်သွင်းရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေပါ လွှတ်တော်အလိုက် ကိုယ်စားလှယ်ဦးရေသတ်မှတ်ချက်နှင့် သွေဖည်မှုမရှိစေရန် ပုံစံချထားသည့် သဘောရှိကြောင်း ၎င်းထံမှ သိရသည်။

“ကျွန်တော်စိုးရိမ်နေတာက နိုင်ငံသားခံယူထားတဲ့ အခြားတိုင်းရင်းသားမဟုတ်သူတွေ ပါလာဖို့ အရေးကိုတော့ အလေးပေး ဆွေးနွေးသွားတာမရှိဘူးဗျ။ ဒါကတော့ ထူးဆန်းတယ်။ ဒါက အရေးကြီးတဲ့ ကိစ္စလေ တချို့နေရာတွေမှာ” ဟု ဦးအောင်ဇင်က ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သည့် အမည်မဖော်လိုသော နိုင်ငံရေးသမားတစ်ဦးကလည်း UEC က ထုတ်ပြလာသည့် မဲဆန္ဒနယ်အလိုက် လူဦးရေကို အခြေမခံသည့် PR စနစ်မှာ လွှတ်တော်များအတွင်း တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်စားပြုခွင့်ကို ထိခိုက်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

“ရွေးကောက်ပွဲနယ်မြေတွေ ဖွဲ့တာကို ခရိုင်ပေါ်မှာ မူတည်ပြီး ဖွဲ့တာကို၊ ကျွန်တော်တို့ကတော့ လူဦးရေအပေါ်မှာ မူတည်ပြီးတော့ လူဦးရေအလိုက်ကို အချိုးကျပါစေချင်တယ်” ဟု ၎င်းက ပြောသည်။

UEC က အဆိုပြုသည့် PR စနစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။

နေပြည်တော်၌ စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်မူ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက လာမည့် ရွေးကောက်ပွဲတွင် PR နှင့် FPTP ကို မဲဆန္ဒနယ်များခွဲ၍ ပူးတွဲကျင့်သုံးမည့် သဘောမျိုး ပြောထားသည်။

PR စနစ်ကို မဲဆန္ဒနယ်အားလုံး၌ ကျင့်သုံးမည်မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ၆ ခုနှင့် တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်မြေ ၂၉ နေရာတွင် FPTP စနစ်ကိုသာ ဆက်သုံးမည်ဟု ၎င်းက ဆိုသည်။

“PR စနစ်ကို ကျင့်သုံးတဲ့အခါမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနဲ့ အညီပဲ။ ကိုယ်စားလှယ်အရေအတွက်တွေက မပြောင်းလဲပါဘူး၊ သတ်မှတ်တဲ့ ကိုယ်စားလှယ်အရေအတွက်အတိုင်းပဲ”ဟု  ဦးခင်မောင်ဦးက ပြောခဲ့သည်။

ရန်ကုန်၌ ယနေ့(နိုဝင်ဘာ ၅ရက်) မှစ၍ သုံးရက်ကြာပြုလုပ်သည့် ဆွေးနွေးပွဲပထမနေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အခြေမလှခဲ့သည့် USDP, ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်  ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာ့ပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က PR ဆိုင်ရာ စာတမ်းများ တင်သွင်းကြောင်း သိရသည်။

ထိုပါတီများက တင်သွင်းသည့် PR ဆိုင်ရာ စာတမ်းများတွင် မည်သည့်အချက်များ ဖော်ပြထားသည်ကို မသိရသေးပေ။

သုံးရက်ကြာဆွေးနွေးပွဲကို တက်ရန် ၅၉ ပါတီက စာရင်းပေးသွင်းထားကြောင်း USDP နှင့် နီးစပ်သည့် People Media ၏ သတင်းဖော်ပြချက်အရ သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မေလအတွင်း ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ခု။ (ဓာတ်ပုံ – UEC)

သို့သော် တက်ရောက်မည့်စာရင်းတွင် ရွေးကောက်ပွဲတိုင်း အနိုင်ရလေ့ရှိပြီး နိုင်ငံရေးအစဉ်အလာ ဩဇာကြီးသည့် NLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP) ကဲ့သို့သော ပါတီများ ပါဝင်ခြင်းမရှိပေ။

SNLD ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က PR ကို မိတ်ဆက်နေသည့် လက်ရှိ UEC မှာ အာဏာသိမ်းစစ်တပ်က ဖွဲ့ပေးထားသည်ဖြစ်၍ ထိုစနစ်မှာ လူထုဆန္ဒမဟုတ်သည်မှာ ထင်ရှားကြောင်း အောက်တိုဘာလအတွင်း Myanmar Now နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောထားသည်။

အစိုးရတစ်ရပ်ဖွဲ့နိုင်သည်အထိ NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင်ပင် စစ်တပ်က UEC ကို ၎င်းတို့စိတ်ကြိုက် ပြန်ဖွဲ့ခဲ့ခြင်းဖြစ်သည်။

မဲမသာမှုဖြင့် ကမ္ဘာကျော်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပခဲ့သည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို UEC ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီးနောက် အနာဂတ်ရွေးကောက်ပွဲများတွင် PR စနစ်ကို အသက်သွင်းရန် ခြေလှမ်းပြင်နေသည်။

ထိုစနစ်ကို ပြောင်းလဲကျင့်သုံးရန် အစောဆုံးအဆိုပြုခဲ့သည့် ပါတီမှာ NDF ဖြစ်ပြီး ထိုပါတီမှ ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၄ တွင် အမျိုးသားလွှတ်တော်၌ အရေးဆိုခဲ့သည်။

အလိုအလျောက်ပါဝင်ခွင့်ရထားသည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် USDP တို့၏ ထောက်ခံမှုဖြင့် အမျိုးသားလွှတ်တော်တွင် အဆိုအောင်ခဲ့သော်လည်း PR မှာ ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီဟု အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်သဖြင့် နိတ္ထိတံခဲ့ရဖူးသည်။

Source: Myanmar

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English