ထန်တလန်မြို့မီးလောင်တဲ့ကိစ္စကိုစစ်ကောင်စီကPDFတွေလုပ်တာပါလို့စွပ်စွဲတယ်။ဒါသူတို့လုပ်နေကြအကွက်တွေပဲ။ရခိုင်မှာရိုဟင်ဂျာကိစ္စဖြစ်တုန်းကလဲနယ်ခံတွေကကိုယ့်ရွာကိုယ်မီးရှို့ပီးထွက်ပြေးကြတာပါလို့သတင်းမှိုင်းတိုက်ခဲ့ကြတယ်။အဲ့တုန်းကတော့စစ်တပ်အကြောင်းမသိသေးလို့ပြည်သူအများစုဟာယုံခဲ့ကြတယ်။
စစ်တပ်ဟာဟိုးအရင်ကတည်းကတိုင်းရင်းသားဒေသတွေ၊နယ်စွန်နယ်ဖျားတွေမှာအကြမ်းဖက်မှုမျိုးစုံစိတ်ကြိုက်ကျူးလွန်တယ်။ပြီးရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုသူပုန်လို့ခေါင်းစဥ်တပ်ပြီးစစ်ရာဇဝတ်မှုတွေကိုလွှဲချတယ်။သတင်းအမှောင်ချခံရတဲ့ကာလတွေဖြစ်နေတော့ပြည်ပကဗမာအများစုဟာသူတို့ပြောသမျှယုံပြီးစစ်တပ်ကိုထောက်ခံပေးခဲ့ကြတယ်။အခုတော့အမှန်တရားဟာမျက်ဝါးထင်ထင်ပေါ်လာခဲ့ပြီ။တနိုင်ငံလုံးမှာထင်ရာစိုင်းနေတဲ့စစ်သူပုန်တွေအကြောင်းအကုန်သိရှိသွားကြပြီ။ဒါဟာဒီတော်လှန်ရေးမှာထွက်ပေါ်လာတဲ့အမြတ်တစ်ခုပဲ။
ဧပြီ ၁၂၊ ၂၀၂၅။ (စနေ)
လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့...