ရန်ကုန်မှာလိုင်းကားတွေဟိုးအရင်လိုပြန်ကြပ်လာပြီ။အဓိကကတော့gasဖြည့်တဲ့ဆိုင်တွေမှာမီးတွေပျက်ဒါမှမဟုတ်မီးအားတွေကျနေလို့ပဲ။Gasဆိုင်တွေကိုဓာတ်အားအပြည့်မပေးနိုင်တော့လိုင်းကားတွေကအချိန်ကြာမြင့်စွာတန်းစီရတယ်။အဲ့ဒီတော့အစီးရေအပြည့်မထွက်နိုင်တော့ဘူး။စီးရေကြဲတော့ထွက်တဲ့ကားတွေမှာခရီးသည်တွေပြည့်သိပ်ကြပ်ညှပ်နေတော့တာပဲ။ဓာတ်အားပေးစနစ်ကအရင်လိုအလုံအလောက်ပေးနိုင်တော့မှာမဟုတ်ဘူး။ဓာတ်အားပေးဖို့စာချုပ်ချုပ်ထားတဲ့နိုင်ငံခြားကုမ္မဏီတွေလဲပြန်ကုန်ပြီ။
လိုင်းကားတွေအခုလိုအလုံအလောက်မထွက်နိုင်တာမျိုးအရင်စစ်အစိုးရခေတ်တုန်းကမကြာမကြာဖြစ်ဘူးတယ်။အခုတော့ဆယ့စုနှစ်နှစ်ခုစာလောက်နောက်ပြန်ဆွဲနေပြီပေါ့။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...