ဒီနေ့ရန်ကုန်မှာရောမန္တလေးမှာပါPDFတွေရဲ့ပျောက်ကျားတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံးရှစ်ဦးခန့်သေဆုံးခဲ့တယ်။
မနက်အစောကတည်းကရန်ကုန်မြို့လယ်ကရဲကင်းတစ်ခုအလစ်ဝင်ရောက်တိုက်ခိုက်ခံရတာပါ။နေ့လည်ကျတော့ဗားကရာမီးပွိုင့်ယာဉ်ထိန်းရုံးကိုအိမ်စီးကားတစ်စီးနဲ့အပစ်ခံရသေးတယ်။ထိုပစ်ခတ်မှုနှစ်ခုစလုံးကိုPDFတွေကဗီဒီယိုရိုက်ပီးဆိုရှယ်မီဒီယာတွေပေါ်ဖြန့်ဝေလိုက်သေးတယ်။မန္တလေးမှာလဲဘောလုံးကွင်းထဲကစစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့အသေအပျောက်တွေရှိတယ်။မနေ့ကလဲနေပြည်တော်က MICC2 လိုနေရာမျိုးမှာအလစ်တိုက်ခိုက်ခံရလို့ရဲနှစ်ယောက်သေဆုံးသွားတယ်။PDF တွေရဲ့လက်စလက်နဟာမြို့ကြီးတွေပေါ်မှာတောင်ပေါက်ပေါက်ရောက်ရောက်ရှိနေပြီ။စစ်သူပုန်တွေဟာသူတို့ရဲ့မြို့ပေါ်ကကင်းစခန်းတွေမှာဘန်ကာအထပ်ထပ်ကြားနေနေရပေမယ့်မလုံခြုံတော့ပါဘူး။သူတို့အတွက်အချိန်မရွှေးပစ်ခတ်ခံရပြီးဘဝကူးသွားနိုင်တယ်ဆိုတာနားလည်ဖို့ကောင်းနေပြီ။ပြည်သူ့ရင်ခွင်ကို CDM လုပ်ပြီးခိုလှုံဖို့သဘောပေါက်ဖို့လိုနေပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...