ရန်ကုန်မှာမီတာခတွေအတင်းအကြပ်လိုက်ကောက်နေပြီးမီတာမဆောင်တဲ့အိမ်တွေကိုမီးဖြတ်နေပါတယ်။မီးဖြတ်ရာမှာလျှပ်စစ်ဝန်ထမ်းတွေနဲ့အတူစစ်ကောင်စီတပ်သားတွေလိုက်ပါလာတာကိုတွေ့ရတယ်။တချို့တွေလဲလန့်ပြီးမီတာသွားဆောင်နေကြတယ်။နေ့ခင်းပိုင်းလောက်မှာတော့မြို့နယ်ပေါင်းစုံကမီတာရုံး၁၂ရုံးခန့်မှာပေါက်ကွဲမှုတွေဖြစ်ပွားလာတယ်။။မီတာမဆောင်တော့မီးဖြတ်တယ်။ဆောင်တော့လဲဗုံးပေါက်တယ်။လူတွေလဲဘာလုပ်ရမှန်းမသိတော့ဘူး။
ခုနောက်ပိုင်းမီးတွေလဲတအားပျက်လာတယ်။တခါပျက်ရင်လဲအကြာကြီးပဲ။လျှပ်စစ်ဌာနကတော့ system breakdownလို့ပြောတယ်။နွေရာသီကလဲရောက်လာတော့မယ်။NLDအစိုးရလက်ထက်ကလုပ်ထားခဲ့တဲ့ဓာတ်အားပေးပရော့ဂျက်တွေလဲနားကုန်ကြပြီ။ရှေ့လျောက်ဟိုးအရင်လိုအချိန်ပိုင်းမီးပေးတာတွေလာတော့မယ်ထင်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။