Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် တင်းကျပ်လာ၍ အလုပ်သမားများဒုက္ခရောက်နေ

စစ်ကောင်စီကို အခွန်ပေးဆောင်နေသည့် အလုပ်အကိုင်အေဂျင်စီများ၏ တိုင်ကြားမှုကြောင့် ပြည်ပထွက်ခွာခွင့် တင်းကျပ်ခြင်းဖြစ်နိုင်သည်ဟု မြန်မာအလုပ်သမားများက ယူဆနေသည်

အောက်တိုဘာ 20, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ​ဆိပ်ရှိ ပြည်ပထွက်ခွာနေရာအနီး နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေကြသည်ကို ၂၀၂၀ ဇန်နဝါရီ ၃၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

စစ်ကောင်စီက ပြည်ပထွက်ခွင့် တင်းကျပ်လိုက်သောကြောင့် လုပ်ငန်းခွင်ဝင်ရန် လေကြောင်းခရီးစဉ်ဖြင့် နိုင်ငံရပ်ခြားသွားရောက်မည့်သူများ ကမောက်ကမဖြစ်ကာ ဒုက္ခရောက်နေသည်ဟု ပြည်ပသွားရောက်မည့် မြန်မာအလုပ်သမားများက ဆိုသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားကိုင်ဆောင်ရမည့်အပြင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ရှိမှသာ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် စစ်ကောင်စီက ရုတ်တရက်တင်းကျပ်ခဲ့သည်။

 

 

“Law (ဥပဒေ) တွေ ငါတကောကောပြီး လုပ်ချင်တာတွေလုပ်၊ ထုတ်ချင်တာတွေထုတ်။ ကျွန်တော်တို့ နိုင်ငံခြားသွားမဲ့ ပြည်သူတွေမှာ တအားဒုက္ခရောက်ပါတယ်” ဟု မြန်မာနိုင်ငံသို့ ခေတ္တပြန်လာပြီး စင်ကာပူကို ပြန်ထွက်ရန် စီစဉ်နေသည့် အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ပြောသည်။

စမတ်ကတ်ဟု အလွယ်ခေါ်သည့် OWIC ကတ်ကို ၁၉၉၉ တွင် အစိုးရအချင်းချင်းသဘောတူညီမှု (GtoG) ဖြင့် အလုပ်သမားစေလွှတ်ခြင်းများအတွက် အဓိကပြုလုပ်ရပြီး လက်ရှိ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူအများစုမှာ ထိုကတ်မရှိသလို ကတ်ပြုလုပ်ရမည်ဟုလည်း နားမလည်ထားကြောင်း ၎င်းက ဆိုသည်။

 

ထို့ကြောင့် ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားအများအပြားသည် စမတ်ကတ်မရှိသဖြင့် လေယာဉ်ပေါ်တက်ခါနီးမှ ထွက်ခွာခွင့် ပိတ်ပင်ခံရသလို ၎င်းအပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် ယခုလအတွင်း စင်ကာပူသို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်မည့်အစီအစဉ်မှာ ပိတ်ပင်ခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ခေတ်ပျက်နေတဲ့အချိန်ကြီးမှာ ဒုက္ခတွေရောက်နေတဲ့အချိန်မှာ ဒီလိုမတရားတဲ့ ဥပဒေကြီးတွေ၊ မတရားတာကြီးတွေကို အသက်သွင်းပြီး ထုတ်တာကြီးကိုတော့ ကျွန်တော်မလိုချင်ပါဘူး” ဟု ၎င်းက ထပ်မံပြောသည်။

 

 

စင်ကာပူအပါအဝင် ပြည်ပနိုင်ငံများက မြန်မာအလုပ်သမားများကို တိုက်ရိုက်အလုပ်ခေါ်ယူမှုများ ရှိသောကြောင့် စစ်ကောင်စီကို အခွန်ပေးဆောင်နေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေဖြင့် အကျိုးဆောင်ခမရ၍ တိုင်ကြားရာမှ OWIC ကတ်စနစ် ပြန်အသက်သွင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ယူဆနေသည်။

အလျင်စလိုထုတ်ပြန်ခြင်းကြောင့် လေယာဉ်ပေါ်တက်ခါနီးမှ လှည့်ပြန်ရပြီး ထိုသတ်မှတ်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အလုပ်သမားရုံးများကို မေးမြန်းရာတွင်လည်း ဂဃဏနမသိကြောင်း အမျိုးသမီးတစ်ဦးက Facebook လူမှုကွန်ရက်တွင် ရေးသားမျှဝေထားသည်။

၎င်းအနေဖြင့် လေယာဉ်လက်မှတ်ဖိုး၊ ကိုဗစ်ရောဂါပိုးစစ်ဆေးခနှင့် အခြားအသုံးစရိတ်များအပါအဝင် ကျပ်သိန်း ၃၀ နီးပါး ဆုံးရှုံးသွားပြီး တစ်ဖက်ကုမ္ပဏီဘက်မှ စီစဉ်ထားသည့် အစီအစဉ်များ ပျက်စီးသွားကာ ကတ်ပြုလုပ်ရန်အတွက် အချိန်မည်မျှကြာမည်ကို မမှန်းဆနိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်နိုင်တင်းကာလဖြစ်သော်လည်း အသွားအလာကန့်သတ်မှုပြုလုပ်၍ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် အလုပ်သမား ထောင်နှင့်ချီရှိပြီး အချို့အလုပ်သမားများသည် ငွေတိုးချေးငှားကာ သွားရောက်ခြင်းဖြစ်သောကြောင့် လုပ်ငန်းခွင်ဝင်မည့် အစီအစဉ်ပျက်ပါက ထိခိုက်မှုကြီးမားနိုင်ကြောင်း အလုပ်သမားများက ဆိုသည်။

ထို့ပြင် OWIC ကတ်ရှိမှသာ ထွက်ခွာခွင့်ပြုမည်ဖြစ်ရာ လူအသစ်များ၊ ခွင့်ဖြင့် ယာယီပြန်လာသူများ၊ အလုပ်လုပ်ခွင့် ပါမစ်ကျထားသူများနှင့် အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိသူများအထိ ပြည်ပထွက်ခွာရာတွင် အခက်တွေ့နိုင်ကြောင်းလည်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကမူ တရားမဝင်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက မြန်မာနိုင်ငံမှ အလုပ်သမားများကို ပြည်ပသို့ တရားမဝင်မပို့ဆောင်နိုင်ရန် OWIC ကတ်နှင့် အလုပ်အတွက် ပြုလုပ်ထားသော PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကို စိစစ်ခွင့်ပြုရန်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ အကြောင်းကြားထားသည်ဟု သိရသည်။

ထိုသတ်မှတ်ချက်နှင့် OWIC ကတ်လျှောက်ထားမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

မြန်မာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစားများစွာရှိပြီး အလုပ်အတွက် PJ ၊ အလည်အပတ်အတွက် (Passport for Visit- PV) ကိုင်ဆောင်ခြင်းဖြစ်ကာ ယခင်က အလည်အပတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်မှုများရှိခဲ့သော်လည်း ယခုအတိုင်းဆိုပါက အနာဂတ်တွင် အဆင်မပြေနိုင်တော့ကြောင်း ခရီးသွားလုပ်ငန်းရှင်တချို့က ဆိုသည်။

မြန်မာအလုပ်သမားများအနေဖြင့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အများဆုံးသွားရောက်နေခြင်းဖြစ်ကာ ၁၉၉၀ မှ ၂၀၂၁ မတ်အထိ အလုပ်သမား ၁ ဒသမ ၃ သန်းကျော် စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများထွက်ခွာသွားကြသဖြင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်သူများစွာရှိနေကြောင်း အလုပ်သမားများက ဆိုသည်။

Source: Myanmar Now

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်
သတင်း

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist