Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ချင်းပြည်နယ်ရောက်စစ်တပ် ဘုရားကျောင်းနှစ်ကျောင်းကို ဖျက်ဆီးဟုဆို

အာဏာသိမ်းစစ်ကောင်စီတပ်က ဖလမ်း - ဟားခါး လမ်းပေါ်ရှိ နေအိမ် ၃၀ နီးပါးနှင့် ၎င်းတို့ ဝင်ရောက်စခန်းချသည့် ခရစ်ယာန်ဘုရားကျောင်းများကို ဖျက်ဆီးကြသည်ဟု ဒေသခံတို့က ပြောသည်

အောက်တိုဘာ 20, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter
၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းအတွင်း ပြုလုပ်ခဲ့‌သော ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သားအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-စစ်ကောင်စီ)

ချင်းပြည်နယ်အတွင်း မိုင် ၄၀ ကျော်ရှည်လျားသည့် ဖလမ်း – ဟားခါး လမ်းပေါ်ရှိ ကျေးရွာသုံးရွာမှ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် နေအိမ် အလုံး ၃၀ နီးပါးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖျက်ဆီးပစ်ခဲ့သည်ဟု ဒေသခံသုံးဦးက အတည်ပြုသည်။

မြို့တော် ဟားခါးသို့ ဦးတည်၍ သံချပ်ကာယာဉ် ၂ စီး၊ စစ်သုံးထရပ်ကား ၃၅ စီးကျော်ပါသည့် စစ်ကြောင်းသည် ဖလမ်းမြို့မှ စတင်ထွက်ခွာလာသည့် အောက်တိုဘာ ၁၃ နောက်ပိုင်း ရွာများတွင် စခန်းချတပ်စွဲပြီးနောက် ထိုသို့ ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါ ရီးလ်တီးလ်၊ တလန်ရော်န်၊ တားလ်ကျေးရွာများတွင် စစ်ဘေးကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရသည်။

အောက်တိုဘာ ၁၃တွင် အိမ်ခြေ ၁၀ လုံးကျော်ရှိ ရီးလ်တီးလ်ရွာတွင် ဘုရားကျောင်းပါမကျန် ရွာလုံးကျွတ် ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ နောက်တစ်ရက်တွင် တလန်ရောန်ရွာသစ်ရှိ အိမ် ၁၂ လုံး၊ အောက်တိုဘာ ၁၈တွင် ထိုရွာရှိ ဘုရားကျောင်း ဖျက်ဆီးခံရသည်ကို တွေ့ရကြောင်း၊ အောက်တိုဘာ ၁၉တွင် တားလ်ကျေးရွာမှ အိမ် ၃လုံး မီးရှို့ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဘုရားကျောင်းကိုလည်း မီးရှို့မလို့။ မလောင်နိုင်ဘူး။ စက္ကူတွေနဲ့ ဘုရားကျောင်းထဲမှာ မီးတော့ရှို့တယ်။ မီးမလောင်ဘူး။ ..သူတို့ ထိုင်ခုံတွေ၊ တရားဟောတဲ့ စားပွဲ ပုံစံထားတာတွေ ဖျက်ဆီးတယ်။ ကန့်လန့်ကာတွေရောပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တလန်ရောန် ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းမှာ ယမန်နေ့(အောက်တိုဘာ ၁၉) ညနေပိုင်းတွင် ဟားခါးမြို့နှင့် ၂၂ မိုင်အကွာရှိ ထရန်လိုကျေးရွာ နှစ်ခြင်းဘုရားကျောင်းနှင့် AG ဘုရားကျောင်းတို့တွင် တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဘာသာရေးအထွတ်အမြတ်ထားရာ ဘုရားကျောင်းများတွင် တပ်စွဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျောင်းပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ကျောင်းဝင်းအတွင်း အကြမ်းဖက်ဝင်ရောက်ခြင်း စသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ရှုတ်ချကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က စက်တင်ဘာ ၂၉ ကတည်းက ထုတ်ပြန်ထားသည်။

“ဘုရားကျောင်းထဲ ရောက်ပြီဆိုကတည်းက စင်မြင့်ပေါ်ဆိုရင် ဘွတ်ဖိနပ်နဲ့တောင် မတက်တဲ့ နေရာလေးပါ။ သန့် ရှင်းသောနေရာလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော်တို့ ဘုရားကျောင်းထဲ ဝင်ပြီးတော့ ကြိုက်သလိုစားကြတယ်။ တပ်စွဲတယ်။ ကြိုက်သလိုနေကြတယ်ဆိုတာ ခရစ်ယာန်ဘာသာကို စော်ကားရာရောက်တယ်” ဟု ဖလမ်းမြို့မှ ချင်းလူမျိုး ခရစ်ယာန်ဆရာတော်တစ်ပါးက မှတ်ချက်ပြုသည်။

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တလန်ရောန်ရွာ ဘုရားကျောင်းကို စစ်တပ်က ဖျက်ဆီးသွားပြီးနောက် အောက်တိုဘာ ၁၈ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းမှတစ်ဆင့် အောက်တိုဘာလဆန်းမှစ၍ တက်လာသည့် စစ်ကြောင်းကို ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF တို့ မိုင်းဆွဲ၊ ပစ်ခတ်သည့်နည်းဖြင့် ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်နေသည်။

စစ်ယာဉ်တန်းပါ မော်တော်ယာဉ် ထက်ဝက်ခန့်ကို ဖျက်ဆီးပစ်လိုက်နိုင်ပြီး စစ်သည် လေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားသည်။

“ကျွန်တော်တို့ဘက်က အကျအဆုံးမရှိဘူး။ …..တိုက်ပွဲတွေက ဖြစ်တော့ဖြစ်နေတာပဲ။ ဒီနေ့မနက်လည်း စစ်ကောင်စီဘက်က ရမ်းထလိုကျေးရွာ ဘောလုံးကွင်းကနေပြီး တင့်ကားတွေနဲ့ ပစ်ခတ်နေတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုစစ်ကြောင်းရွေ့လျားရာ လမ်းတလျှောက်ရှိ လုံပီး၊ တလန်ရောန်၊ တားလ်၊ တလန်းဇာရ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ရာသီဥတု ဆိုးရွားနေသဖြင့် စားဝတ်နေရေးခက်ခဲနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။

“သူတို့က လက်နက်ကြီးတွေ၊ သေနတ်တွေ အသားကုန်ပစ်တယ်ဆိုတော့ ပြည်သူတွေက အဲဒါကို ကြောက်လို့ တောထဲမှာ ရှောင်တာ။ အခုလည်း ရွာမပြန်ရဲသေးဘူး။ ဒါပေမဲ့ မိုးတအားရွာတယ်၊ ရာသီဥတုမကောင်းတော့ နည်းနည်းအခက်အခဲတော့ရှိတယ်”ဟု အထက်ပါ တလန်ရောန်ကျေးရွာခံက ပြောသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ရှိ မြို့တော် ဟားခါးအပြင် တောင်ပိုင်း မင်းတပ်၊ မတူပီဘက်ကိုပါ အောက်တိုဘာလဆန်းမှစကာ စစ်ကောင်စီက စစ်အင်အား အလုံးအရင်း ပို့ထားရာ ထိုအထဲတွင် သံချပ်ကာယာဉ်များလည်း ပါဝင်သည်။

ချင်းပြည်နယ်နှင့် ထိုဒေသသို့ စစ်အင်အားပို့လွှတ်နိုင်သည့်​ လမ်းကြောင်းများရှိသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့အတွင်း ဩဂုတ်၊ စက်တင်ဘာ နှစ်လတည်း၌ပင် စစ်တပ်၏ လက်ချက်ကြောင့် အဆောက်အအုံ ၂၀၀ ဝန်းကျင် ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) က အောက်တိုဘာ ၁၅ တွင် ထုတ်ပြန်ထားသည်။

ထိုအရေအတွက်၏ ထက်ဝက်ကျော်မှာ ချင်းပြည်နယ်မှဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် အဆောက်အအုံ ၉၀ ကျော် ပါဝင်ကြောင်း CHRO ၏ “Reign of Terror” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်း ပြုလုပ်နေသည့် စစ်ရေးလှုပ်ရှားမှုများ၊ ဒေသခံတို့ဘက်မှ ပြောဆိုသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံမှ မှတ်ချက်ရရှိရေး ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့က စစ်တပ်၏ လက်ချက်ကြောင့် နေအိမ် ၁၉ လုံး မီးလောင်ခဲ့သလို မီးငြှိမ်းသတ်ရန်သွားသည့် သင်းအုပ်ဆရာတစ်ဦးကို စစ်တပ်က ပစ်သတ်ကာ လက်စွပ်ဝတ်ထားသော ဘယ်လက်သူကြွယ်ကို ဖြတ်တောက်သွားသည်ဟု ဒေသခံအချို့က အတည်ပြုထားသည်။

ထိုဖြစ်ရပ်ကို နိုင်ငံတကာသတင်းဌာနများကပါ တင်ဆက်လာရာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းသည် မြို့တွင်းတိုက်ပွဲကြောင့် မီးလောင်သွားသည့် နေရာသို့ သွားရောက်စဉ် ကျည်ထိခဲ့သည်ဟု ဆိုသည်။

“ဒီကျည်ထိမှန် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ တွင် စစ်ကောင်စီ၏ ဝါဒဖြန့်ဆောင်းပါးတစ်ပုဒ်တွင် ထိုထုတ်ပြန်ချက်ကို အကျယ်ချဲ့ဖော်ပြထားပြီး သင်းအုပ်ဆရာ၏ နာရီနှင့် လက်စွပ် ချွတ်ယူသူတို့မှာ PDF များဖြစ်သည်ဟု ရေးသားထားပြန်သည်။

သင်းအုပ်ဆရာသေဆုံးမှုအကြောင်း ထုတ်ပြန်သော်လည်း တိုက်ပွဲသတင်းနှင့် ဒေသတွင်းအခြေအနေကို စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသည့်အပြင် ဆက်သွယ်မေးမြန်းမှုများကိုလည်း ဖြေကြားခြင်း မရှိပေ။

Source: Myanmar Now

Related Posts

အတုအယောင်ရွေးကောက်ပွဲအတွက် ခြေလှမ်းစလိုက်တဲ့ စစ်ကောင်စီ (ဆောင်းပါး)
သတင်း

အတုအယောင်ရွေးကောက်ပွဲအတွက် ခြေလှမ်းစလိုက်တဲ့ စစ်ကောင်စီ (ဆောင်းပါး)

ဇန်နဝါရီ 21, 2023

ဇန်နဝါရီလ ၂၁ ရက် အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲမဟုတ်တဲ့...

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist