Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

အောက်တိုဘာ 9, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter
စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အနည်းဆုံး တပ်ရင်း ၄ ရင်းရှိသော တပ်ကူများကို စေလွှတ်နေသည်

အရပ်သား ခုခံရေးတပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အနည်းဆုံး တပ်ရင်း ၄ ရင်း (စုစုပေါင်းအင်အား ၃၀၀၀ ခန့်) ရှိသော တပ်ကူများကို နိုင်ငံမတည်ငြိမ်ဆုံးဒေသများသို့ စေလွှတ်နေကြောင်း ဒေသခံအရပ်သား ခုခံရေးတပ်များ၊ စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ အမည်ဆိုးဖြင့် အကျော်ကြားဆုံး တပ်မှူးများအနက် တဦးဖြစ်သော ရဲချုပ်နှင့် စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုလည်း စစ်ကိုင်းတိုင်း မုံရွာတွင် အခြေစိုက်သော အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ တာဝန်ပေးအပ်ထားသည်။

စစ်ကိုင်းတိုင်းအပြင် အနီးရှိ မကွေးတိုင်းနှင့် ချင်းပြည်နယ်များတွင် စစ်ကောင်စီတပ်များသည် အရပ်သား ခုခံရေးတပ်များ၏ အပြင်းထန်ဆုံးသော ဆန့်ကျင်တိုက်ခိုက်မှုကို ခံနေရသည်။

ဒုဗ်ိုလ်ချုပ်ကြီးသန်းလှိုင်သည် အခြားဒုဗိုလ်ချုပ်ကြီး တဦးနှင့်အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) အား တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ဦးဆောင်မည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ဘက်ပြောင်းလာသည့် ကြည်းတပ်ဗိုလ်ကြီးဟောင်းတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။

နမခတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်သည် တပ်မှထွက်ပြေးပြီး တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ဒေသသို့ ထွက်ပြေးမည့် အကြံပေါက်ကြားသောကြောင့် ယခုအပတ်အစောပိုင်းက စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တို့က ဆိုသည်။

ထိုဗိုလ်မှူးချုပ်သည် စစ်ကြေးရေးတွင် လက်လွန်သောကြောင့် သေဆုံးသွားသည်ဆိုသည့် ကောလာဟလများလည်း ထွက်နေသည်။

အောက်တိုဘာလ ၇ ရက် စစ်တပ်အာဘော် မြဝတီ ရုပ်သံကမူ ဗိုလ်မှူးချုပ် ဖြိုးသန့် တာဝန်ထမ်းဆောင်နေလျှက်ရှိကြောင်း ည ၈ နာရီသတင်း၌ ထုတ်လွှင့်ပြသခဲ့သော်လည်း ဓာတ်ပုံဟောင်းများဟု လေ့လာစောင့်ကြည့်သူများက ဝေဖန်နေကြသည်။

လွန်ခဲ့သော ၄ လအတွင်းတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီ ခြေလျှင်တပ်ရင်း ၂ ရင်းစာသေဆုံးပြီးနောက် ယခုစစ်ဆင်ရေးလုပ်ခြင်းဖြစ်သည်။ ဇွန်လမှ စက်တင်ဘာလအတွင်း ထိုဒေသများမှ အရပ်သားခုခံရေးအင်အားစုများနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁၂ ဦးသေဆုံးရကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အဆိုအရ သိရသည်။

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် သပိတ်မှောက်နေသော ပြည်သူ့ဝန်ထမ်းများကို နှိမ်နင်းရာတွင် လူအသေအပျောက်များစေသောကြောင့် အမည်ဆိုးကျော်ကြားလာခြင်းဖြစ်သည်။

သူ့လက်ချက်ကြောင့် သေဆုံးရသူများအနက်တဦးမှာ သူ့ညီအရင်းဖြစ်သည်။ သူ၏ ညီ ကိုစိုးမိုးလှိုင် ခေါ် ကိုမဲကြီးသည် ဝါရင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး မေလတွင် စစ်တပ်က သူ့ကို ပဲခူးတွင်ဖမ်းထားစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သည်။

စစ်ကောင်စီ တပ်ကူ ၁၀၀၀ ခန့်ကို မုံရွာအနီး စစ်မှုထမ်းဟောင်းရပ်ကွက်ဖြစ်သော ရွှေတောင်ဦးတွင် လွန်ခဲ့သော အပတ်က ချထားကြောင်း ကနီ PDF ခေါင်းဆောင်တဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

လွန်ခဲ့သော ၄ ရက်ကလည်း စစ်ကောင်စီတပ်သား နောက်ထပ် ၁၀၀ ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နယ်စပ်အနီး ဘုန်းကြီးကျောင်းတခုတွင် ချထားသည်။ အနီးပတ်ဝန်းကျင်ရွာများတွင် နေထိုင်သူများသည် စစ်တပ်ရောက်နေသည်ကို ကြောက်သောကြောင့် နေအိမ်များမှ ထွက်ပြေးနေရသည်။ ထိုစစ်သားများသည် ကနီမြို့နယ်ကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း အထက်ပါ ကနီ PDF ခေါင်းဆောင်က ပြောသည်။

“စစ်ကောင်စီနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်နိုင်ခြေအတွက် ကျနော်တို့ ပြင်ဆင်ထားပြီးပြီ။ ကျနော်တို့ လူငယ်တွေက စစ်အာဏာရှင်စနစ်အောက်မှာ အသက်မရှင်ချင်လို့ တိုက်ပွဲမှာ အသေခံတိုက်ဖို့ ဆုံးဖြတ်ထားတယ်” ဟု အထက်ပါ ကနီ PDF ခေါင်းဆောင်က ဧရာဝတီ သတင်းဌာနသို့ သောကြာနေ့တွင် ပြောသည်။

မကြာသေးမီ ရက်များအတွင်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်များသည် စစ်ကိုင်းနှင့် မကွေးတိုင်းတခွင်တွင် စီးနင်းမှုများ လုပ်နေကြသည်။

သောကြာနေ့နံနက်တွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် မကွေးတိုင်း ဂန့်ဂေါ မြို့နယ်မှ တောတွင်းတွင် ခုခံရေးအင်အားစုများကို လိုက်လံရှာဖွေရင်း ရမ်းသန်း ပစ်ခတ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ တပ်ကူ ၅၀၀ ခန့်ကို ဂန့်ဂေါတွင် ချထားပြီး ၎င်းတို့အနက် ရာနှင့်ချီသော စစ်သားများသည် မြို့နယ် မြောက်ပိုင်းကျေးရွာများတွင် PDF တပ်များကို လိုက်လံရှာဖွေနေကြောင်း သိရသည်။ ရဟတ်ယာဉ်များက ထိုစစ်ကောင်စီတပ်များအတွက် လက်နက်ကြီးများနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသည်ဟု ဆိုသည်။

ကြာသပတေးနေ့တွင် စစ်ကောင်စီတပ်များသည် ဖမ်းဆီးထားသော ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်း အဖြစ်သုံးပြီး ဂန့်ဂေါ မြောက်ပိုင်းသို့ ချီတက်သည်။ စစ်ကောင်စီတပ်များသည် မြေမြှုပ်မိုင်းများဖြင့် မကြာခဏ ချုံခိုတိုက်ခိုက်ခံရသောကြောင့် ထိုသို့လုပ်လာခြင်းဖြစ်သည်။

မုံရွာ-ဂန့်ဂေါလမ်းတွင် မုံရွာမှလာသော စစ်ကောင်စီ၏ ကား ၅၀ ပါ ယာဉ်တန်းကို YDF က အင်္ဂါနေ့တွင် ချုံခို တိုက်ခိုက်သောအခါ စစ်ကောင်စီ တပ်သား ၄၀ ကျော် သေပြီး ၃၀ ဒဏ်ရာရကာ ယာဉ် ၅ စင်း ပျက်စီးသွားသည်။

ထိုယဉ်တန်းကို YDF တပ်များက မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗီဒိယိုတခုက ပြသနေသည်။

“ကျနော်တို့ကို စစ်ကောင်စီတပ်က လာတိုက်ရင် အကောင်းဆုံးတုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်” ဟု အထက်ပါ YDF ခေါင်းဆောင်ကပြောသည်။

စစ်ကိုင်းတိုင်း ကလေး-ဂန့်ဂေါလမ်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းတခုကို ပစ်မှတ်ထားသော ချုုံခိုတိုက်ခိုက်မှု ၂ ခုအတွင်း စစ်ကောင်စီစစ်သား ၁၂ ဦးကို မိုင်းခွဲသတ်ခဲ့ကြောင်း ကလေး PDF က ကြာသပတေးနေ့တွင်ကြေညာကြသည်။

စစ်ကိုင်းတိုင်း မုံရွာမှ ပုလဲသို့ တပ်ကူလွှတ်လိုက်သည့် စစ်သားများကို သယ်ဆောင်လာသော သံချပ်ကာယာဉ်များအပါအဝင် အစင်းရေ ၈၀ အထိပါသော စစ်ကောင်စီယာဉ်တန်းကို ပုလဲ PDF က ချုံခိုတိုက်သည်။

ဒေသခံ PDF နှင့် ပြင်းထန်သော တိုက်ပွဲ ၂ ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးပြီးနောက် စက်တင်ဘာလ နှောင်းပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်း ပင်လယ်ဘူးတွင်လည်း တပ်ကူ ၅၀၀ ခန့်ရောက်နေသည်။

ထိုမြို့နယ် ကျေးလက်ဒေသများတွင် စစ်ကောင်စီက အင်အား ၃၀၀ ခန့် ချထားပြီး ရွာပေါင်း ၁၀ ခုမှ ဒေသခံ ၉၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ပင်လယ်ဘူး PDF ပြောခွင့်ရသူက ဧရာဝတီ သတင်းဌာနသို့ သောကြာနေ့က ပြောသည်။

အရပ်သားခုခံရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများတွင် ကျေးရွာသားများ ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း ပင်လယ်ဘူး PDF ပြောသည်။

PDF များလှုပ်ရှားနေသည့် မြို့နယ်အများစုမှ ဖုန်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက စက်တင်ဘာ ဒုတိယပတ်မှ စတင်ပိတ်ထားသည်။

စစ်ကောင်စီတပ်များသည် အရပ်သား ခုခံရေးတပ်များနှင့် တိုက်ပွဲဖြစ်သောအခါ လက်နက်ကြီးများ၊ ဂျက်တ်ိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို သုံးသလို ရွာများကို မီးရှို့ခြင်း၊ လူနေရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကိုလည်း လုပ်နေသည်။

Source: ဧရာ၀တီ

Related Posts

အတုအယောင်ရွေးကောက်ပွဲအတွက် ခြေလှမ်းစလိုက်တဲ့ စစ်ကောင်စီ (ဆောင်းပါး)

အတုအယောင်ရွေးကောက်ပွဲအတွက် ခြေလှမ်းစလိုက်တဲ့ စစ်ကောင်စီ (ဆောင်းပါး)

ဇန်နဝါရီ 21, 2023

ဇန်နဝါရီလ ၂၁ ရက် အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲမဟုတ်တဲ့...

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်
သတင်း

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist