စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရန်ကုန်ရောက်နေလို့တမြို့လုံးစစ်ခွေးတွေခြေရှုပ်နေကြတယ်။ရန်ကုန်ကလမ်းမကြီးတွေပေါ်မှာလမ်းဆုံတိုင်းမှာသူတို့တွေချည်းပဲ။ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုရင်ဆိုင်ကယ်တွေလုံးဝပေးမစီးတော့ဘူး။အတင်းလိုက်ဖမ်းနေတယ်။မင်းအောင်လှိုင်သွားလေရာဘယ်နေရာမှအကျိုးမပေးဘူး။ရန်ကုန်ရောက်တုန်းလေးသူ့ကိုဦးတည်တဲ့တိုက်ခိုက်မှုတွေဖြစ်သွားစေချင်တယ်။ခုတောင်တော်တော်ကြောက်နေတာ။သူ့လမ်းကြောင်းကိုသူ့လူတွေတောင်ကြိုမပြောပဲထိပ်တန်းလျှို့ဝှက်လုပ်ထားတယ်တဲ့။
မင်းအောင်လှိုင်ဟာလူကြားကောင်းအောင်အရည်မရမဖတ်မရခရီးစဥ်တွေထွက်နေတဲ့အချိန်မှာပဲစစ်ကိုင်းတိုင်းကတိုင်းမှုးကတော့ထိန်းသိမ်းခံလိုက်ရတယ်။PDFတွေကိုမထိန်းချုပ်နိုင်လို့ဆိုပြီးစစ်အုပ်စုကခေါင်းစဉ်တက်ပေမယ့်ထိုတိုင်းမှုးဟာCDMလုပ်ဖို့ကြိုးစားနေရင်းဖမ်းခံရတယ်လို့လဲကြားတယ်။စစ်ကြောရေးမှာလက်လွန်ပြီးသေဆုံးသွားပြီးလို့လဲသတင်းတွေထွက်နေတယ်။ဘယ်လိုပဲဖြစ်ဖြစ်တိုင်းမှုးအဆင့်ထိအရေးယူခံနေရပြီးဆိုတော့စစ်အုပ်စုထဲမှာအပ်ကြောင်းတော့ထတာကျိန်းသေတယ်။ပြည်သူတွေအတွက်ကတော့အမြတ်ပဲ။