စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာပဲစစ်ကောင်စီရဲ့အစီးရှစ်ဆယ်ကျော်ပါတဲ့ယာဥ်တန်းဒီနေ့မိုင်းထပ်ထိပြန်တယ်။ထိုယာဉ်တန်းဟာချင်းပြည်ဘက်တက်မှာလို့ကြားတယ်။ခုတော့မိုင်းထိတဲ့နေရာမှာရပ်နေပြီတဲ့။
စစ်သူပုန်တွေဟာချင်းပြည်နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နည်းမျိုးစုံနဲ့ကြိုးစားနေတယ်။သူတို့အတွက်ခက်ခဲနေတာကချင်းပြည်နယ်သွားတဲ့လမ်းမှာအင်အားကောင်းတဲ့PDFတွေရှိတဲ့ဒေသနှစ်ခုလောက်ခံနေတယ်။ယင်းမာပင်၊ပုလဲ၊ကနီနယ်တွေဟာစစ်သူပုန်တွေပထမဆုံးဖြတ်ကျော်ရမယ့်ဒေသပဲ။အဲ့ဒါကြောင့်ထိုနယ်မြေကိုစစ်ဆင်ရေးလုပ်ဖို့ပီးခဲ့တဲ့လထဲကစိုင်းပြင်းနေခဲ့တာပါ။ခုဆိုမုံရွာမြို့ပေါ်မှာတပ်အင်အားတွေစုနေပြီးဒီလကိုးရက်နေ့ကိုစစ်ဆင်ရေးစမယ်လို့သတင်းတွေထွက်နေတယ်။ဟုတ်မဟုတ်တော့မသိပေမယ့်အဲ့ဒီဒေသမှာတော့ရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်လာမှာကျိန်းသေတယ်။