Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ

အောက်တိုဘာ 1, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter
ပလက်ဝ စစ်ရှောင်များ / ဧရာဝတီ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် ကျေးရွာသားများကို အာဏာသိမ်း စစ်တပ်က နေရပ်ပြန်ရန် အစည်းအဝေးများ ခေါ်ယူပြီး ပြောဆိုနေကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် စစ်ရှောင်စခန်း တာဝန်ခံ များနှင့် စစ်ဘေးရှောင် ကျေးရွာသားများကို ပလက်ဝ အခြေစိုက် အလရ (၂၈၉) တပ်ရင်းမှ တပ်ရင်းမှူး ကိုယ်တိုင် အစည်း အဝေးခေါ်ယူပြီး နေရပ်ပြန်ရန် ပြောဆိုခဲ့ကြောင်း စစ်ရှောင်ကျေးရွာသားများက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင် ကျေးရွာသားတဦးက “ပထမ တရက်တော့ အစည်းအဝေး လာကြပါဆိုပြီး မြို့နယ်ရုံးကို ခေါ်ပါတယ်။ ဘာကိစ္စဆိုတာလည်း မသိရဘူး။ လူဦးရေ စာရင်းတွေ စစ်ပါတယ်။ ပျက်စီးသွားတဲ့ အိမ်တွေ မှန်ကန်မှု ရှိမရှိ ဆိုတာ စစ်ပါတယ်။ နောက်ပြီးတော့ အိမ်ပြန်ဆောက်ဖို့ ငွေတွေ ကျလာပြီ၊ နေရပ်ပြန်လို့ ရပြီလို့ပြောတယ်။ နောက် တရက်မှာလည်း တပ်ရင်းထဲကို ခေါ်ပြီးတော့ ခင်ဗျားတို့ အိမ်ပြန်လို့ရပြီ။ လုံခြုံရေးအတွက်လည်း စိတ်ပူစရာ မလိုဘူး။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း ရွာနားမှာ ရှိတယ်လို့ ပြောပါတယ်”  ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ နေရပ်ပြန်ခိုင်းသော်လည်း ကျေးရွာသားများက မိုင်းအန္တရာယ် အပါအဝင် ပြန်လည်ထူူထောင်ပေးရေး ကိစ္စများကို မည်သို့ တာဝန်ယူမည်နည်း ဆိုသည်ကို ပြန်လည် မေးမြန်းရာတွင် စစ်တပ်က တုံ့ပြန် ဖြေရှင်း ပြောဆိုမှု မရှိကြောင်းလည်း စစ်ရှောင်ကျေးရွာသားများက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ရှောင်စခန်း တာဝန်ခံတဦးကလည်း “ကျနော်တို့က ပြန်လည်ထူထောင်ရေး ဘယ်လို လုပ်ပေးမလဲ၊ ရွာရောက်ရင်လည်း ရိက္ခာဝယ်ယူရေး လမ်းကြောင်းတွေကို ဖွင့်မပေးရင် ကျနော်တို့ ဒုက္ခရောက်မယ်။ ဘယ်လိုလုပ် ပေး မလဲဆိုတာ ပြန်တင်ပြတော့ သူတို့ မသိဘူး ဆိုတာမျိုး ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသော ပလက်ဝမြို့ပေါ် အရပ်ဘက်လူမှု အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဇာနီ က စစ်တပ်မှ နေရပ်ပြန်ရန် တိုက်တွန်း ပြောဆိုမှုများ ရှိသော်လည်း ဖိအားပေးသည့် ပုံစံမျိုး ပြောခြင်းမျိုး မဟုတ် ကြောင်း ပြောဆိုသည်။

ဦးဇာနီက “သူတို့ပြောတာကတော့ ပြိုပျက်သွားတဲ့ အိမ်တွေ ပြုပြင်ဖို့ ငွေတွေ ကျလာပြီ။ အဲဒီငွေတွေ ဒီကိုရောက်ရင် ရွာ သားတွေ လက်ထဲကို ငွေတွေ ပေးမယ်။ ပြီးရင် ပြန်ရင် ပြန်ခိုင်းမယ်ဆိုတာမျိုး ပြောတာပေါ့။ ပြန်မယ့် လူတွေကို စိစစ်ပြီး တော့ စခန်းမှာ လူတွေ အမှန်တကယ် ရှိမရှိ ဆိုတာမျိုး စိစစ်တဲ့ သဘောမျိုးပါ” ဟု ဧရာဝတီသို့ ပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်စခန်း ၁၃ ခုရှိပြီး လူဦးရေ ၆၀၀၀ နီးပါးရှိကာ မိုင်းအန္တရာယ်နှင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ကန့်သတ်ထားသည့် အခြေအနေများကြောင့် နေရပ်ပြန်ရန် အခက်အခဲများ ရှိကြောင်းလည်း စစ်ရှောင်များက ပြောသည်။

စစ်ကောင်စီအနေဖြင့် ထိုသို့ စစ်ရှောင်များအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေကြေး ပေးမည် ဆိုရာတွင် နေအိမ်တလုံး ပြုပြင်စရိတ် အဖြစ် ၃၈၆၀၀၀ ကျပ်၊ နေအိမ်တလုံး အသစ်ပြန်လည် ဆောက် လုပ်ရန် အတွက် ၅၈၆၀၀၀ ကျပ်နုန်းဖြင့် သာ ပေးရန်တွက်ချက်ထားကို သိရှိ ရကြောင်းလည်း စစ်ရှောင်ကျေးရွာသားများက ဆိုသည်။

ပလက်ဝမြို့နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့မှ ချင်း တိုင်းရင်းသား တဦးကလည်း စစ်ရှောင်ကျေးရွာသားများကို မည် သည့် အာမခံချက်မပေးဘဲ နေရပ်ပြန်ခိုင်းခြင်းမှာ သံသယဖြစ်စရာ အချက်များ ရှိနေကြောင်း ပြောသည်။

၎င်းက “ ပလက်ဝက ရွာသားတွေက အဓိက တောင်ယာလုပ်ငန်းနဲ့ တောတောင်ကိုမှီခိုပြီး အသက်ရှင်သန်စားသောက်နေကြတာ။ အခု တောင်ယာလည်းမလုပ်နိုင်ဘူး။ တောလည်းမဝင်နိုင်ဘူး။ ရွာပြန်ရင် ဘာလုပ် စားမလဲ ၊ အခုသူတို့ပြန်ခိုင်းတာက သူတို့ စစ်ကောင်စီ လက်ထက်မှာ စစ်ဘေးရှာင်တွေ အေးအေး ဆေးဆေး နေရာပြန်ချ ထားနိုင်တယ်ဆိုတာမျိုးကို ပြချင်တာလည်း ဖြစ်တယ်။ နောက်တခု သူတို့စစ်ရေး အရ လှုပ်ရှားမှု သွားလာဖို့ အပေါ်ပိုင်းက ရွာတွေမှာ လူမရှိတော့ သူတို့ မလုံခြုံသလို ခံစားရပြီး ရွာသားတွေကို တောင် ပေါ် ပြန်တင်မယ့် သဘောလည်း ဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပလက်ဝမြို့နယ် ဆီမီးမြို့ စစ်ရှောင်စခန်း တာဝန်ခံ ဦးပြည့်ဆုက လက်ရှိအချိန်အထိ ဆီမီးမြို့ပေါ်တွင်ရှိသော ၎င်းတို့၏ စစ်ရှောင်များကိုမူ စစ်တပ်က နေရပ်ပြန်ရန် လာရောက် ပြောဆိုမှုများ မရှိသေးကြောင်း ပြောသည်။

ဆမီးမြို့ပေါ်တွင် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည့် စစ်ဘေးရှောင် ဦးရေ ၅၀၀၀ ကျော် ရှိကြောင်း သိရသည်။

ထိုသို့ ပလက်ဝ မြို့ပေါ်ရှိ စစ်ရှောင်လူဦးရေ ၆၀၀၀ နှင့် ဆမီးမြို့ရှိ  စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်တို့အပြင် ယင်းမြို့နယ် အတွင်း ဆီးပလောင်း ကျေးရွာ စစ်ရှောင်စခန်း၊ တိန်းလက်ဝ ကျေးရွာ စစ်ရှောင်စခန်း၊ စိမ်းစင်း ကျေးရွာ စစ်ရှောင်စခန်း ၊ င/ပွီ ကျေးရွာ စစ်ရှောင်စခန်း၊ ကင်းဝ ကျေးရွာတို့တွင် ခိုလှုံနေရသော ဒေသခံ ကျေးရွာသားများမှာ လက်ရှိ အချိန်အထိ နေရပ် မပြန်နိုင်သေးသည့်အတွက် ပလက်ဝ မြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၂၀၀၀၀ ကျော်ရှိအထိ ရှိနေသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားပြီး ရေလမ်း၊ ကုန်းလမ်းများကိုလည်း ကန့်သတ် ပိတ်ဆို့ထားသည့်အတွက် ရိက္ခာ သယ်ယူရေးတွင် အခက်အခဲကြုံတွေ့နေရကြောင်း မြို့ခံတဦးက ပြောသည်။

၎င်းက “အဓိက သူတို့ (စစ်တပ်) က ကန့်သတ်ထားတာက စက်သုံးဆီတွေကို လုံးဝ တင်ခွင့်မပေးဘူး။ ရိက္ခာဆိုလည်း စက်လှေငယ်တွေနဲ့ ခိုးပြီး ကြုံရာက ဆင်းဝယ်ပြီး စားသောက်နေရတယ်။ ဘာအတွက် ဒီလို လုပ်တာဆိုတာလည်း အကြောင်းပြချက် မပေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

Source: ဧရာဝတီ

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်
သတင်း

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist