မန္တလေးမြို့လည်ကောင်ကကညနရုံးထဲမှာဗုံးပေါက်လို့ပွဲစားတွေထိခိုက်ကုန်ကြတယ်။ရန်ကုန်ကညနရုံးမှာလဲအရင်ကပေါက်ကွဲမှုတွေဖြစ်ခဲ့တာပဲ။ဒါပေမယ့်ရုံးရှေ့လောက်မှာပဲကွဲတာ၊ခုမန္တလေးကရုံးထဲမှာကွဲတော့တော်တော်များများထိကုန်ကြတယ်။စစ်ကောင်စီရဲ့ဝင်ငွေရပေါက်ထောက်တိုင်ဆိုတော့အခွန်ရုံးတို့၊မီတာရုံးဆိုတာဝေးဝေးကရှောင်တာကောင်းလိမ့်မယ်။
ရန်ကုန်မြို့ရဲ့လမ်းမပေါ်မှာတော့ကားနဲ့လှည့်တတ်တဲ့လှည်းကင်းတွေ၊ပတ်ကင်းတွေတော်တော့နည်းသွားပြီ။ဟိုတခေါက်စမ်းချောင်းမှာအပစ်ခံရလို့ဗိုလ်မှူးတကောင်ပါသွားကတည်းကပဲ။ခုတော့မြို့ပေါ်ကဝတ်ကျင်းအသီးသီးမှာဘန်ကာအထပ်ထပ်နဲ့ကုတ်နေကြပြီ။