Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်

September 15, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
မြိုင်မြို့နယ် စံပြကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး / CJ

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ် တိုက်ပွဲဖြစ်နေသည့် လမ်းကြောင်းတလျှောက်ရှိ ရွာများကို စစ်ကောင်စီက အကြမ်းဖက် ဝင်ရောက်ပြီး ပစ်ခတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့က မြိုင်မြို့နယ်ရှိ စံပြရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းစဉ် သေနတ်ပစ်သံ များကြောင့် ထွက်ပြေးသည့် လူငယ် ၂ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ပြီး လူငယ် ၁ ဦးကိုလည်း နေအိမ် တလုံးတွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း စံပြရွာ ဒေသခံတဦးက ပြောသည်။

အသက် ၁၃ နှစ်အရွယ် ကိုနေထက်ဦး နှင့် ၁၈ နှစ်အရွယ် ကိုထွန်းမြင့်တို့သည် သေနတ်သံကြောင့် ထွက်ပြေးစဉ် သေ နတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းမှာ နေအိမ်တလုံးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မီးတင် ရှို့မှုကို ခံခဲ့ရကြောင်း သိရသည်။

စံပြရွာ ဒေသခံတဦးက “ကလေးတွေက သေနတ်သံကြားတော့ ကြောက်ပြီးတော့ ပြေးကြတာလေ။ အငယ်ဆုံးကလေးက ဆည်ဘက်ကို ပြေးတာ။ ဆည်ရောက်တော့ ပြေးစရာ မရှိတော့ ရပ်နေတော့ အဲဒီမှာ ပစ်သတ်ခံရတော့တာ။ တယောက်က ကျတော့ ရွာထဲမှာပြေးရင်းနဲ့ ပစ်ခံရတာ။ မင်းမင်းကိုကျတော့ အိမ်တအိမ်ပေါ်မှာ တင်ပြီးတော့ မီးကိုရှို့ခဲ့တာ” ဟု ပြော သည်။

သေဆုံးသူ ကိုထွန်းမြင့်တွင် သေနတ်ဒဏ်ရာအပြင် ထုထောင်းရိုက်နှက်ထားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စံပြကျေးရွာတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များတွင်း ရှာဖွေကာ ပစ္စည်းများ ယူဆောင်ခြင်းအပြင် ရပ်ရွာရှိ ကျန်းမာရေးအသင်းကား ၁ စီးကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းချီ ထိုးစစ်ဆင်လာရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဝင်ရောက်စီးနင်းမှုကြောင့် မြိုင်နှင့် ပုလဲအစပ်ရှိ စံပြ၊ ကျောက်ကုန်း၊ ပန်းတော်ပြင်၊ ဌေးအောင်၊ တောင်ရွာသစ် စသည့် ကျေးရွာများမှ ဒေသခံများသည် ရပ်ရွာများကို စွန့်ကာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က “သူတို့ တရွာချင်း ရွေ့လာတာကို ပြောက်ကျား ဝင်တိုက်ရင်းနဲ့ ရွာတွေကို ရောက်တယ်၊ မီးရှို့တယ်။ ကျနော်တို့ကလည်း ထိန်းမထားနိုင်တဲ့ အခါကျတော့ တိုက်ရင်းနဲ့ ရှောင်ရင်းဆုတ်ရင်း သူတို့ စစ်ကြောင်းကတော့ လက်နက်အင်အားနဲ့ ဆိုတော့ သူတို့လိုတဲ့ခရီးကို တရွေ့ရွေ့ချင်း ဆင်းလာတာပေါ့” ဟု ပြော သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာခြင်းသည် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်နေ့ကလည်း တိုက်ပွဲနှင့် မဆိုင်သည့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီလောက်ယုတ်မာတဲ့ ပုံသဏ္ဍာန်တွေနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ ကောင်တွေက အစိုးရလို့ ခံယူချင်သေးတာများ ရှက် စရာ ကောင်းတယ်။ တော်တော်အောက်တန်းကျတဲ့ လုပ်ရပ်တွေ ကမ္ဘာမှာ တကယ်ကို ရှားပါးတယ်။
အကြမ်းဖက် အုပ်စုတွေတောင် သူတို့လောက် မယုတ်မာဘူး။ ဒီလိုအဖွဲ့အစည်းက ကျနော်တို့ တိုင်းပြည်ကို အုပ်ချုပ်ချင်တယ်ဆိုတာ တိုင်းပြည်က အရှက်ရစရာ ကောင်းတယ်” ဟု ပုလဲမြို့နယ် PDF ခေါင်းဆောင်က ဆိုသည်။

စစ်အာဏာသိမ်းမှု ၇ လကျော် ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ ၁၀၉၃ ဦး ရှိလာပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၆၅၃၃ ဦးရှိကာ ဖမ်းဝရမ်း ထုတ်ခံထားရ၍ တိမ်းရှောင်နေရသူ ၁၉၈၄ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Source: ဧရာ၀တီ

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English