မနက်ဖြန်ကျင်းပတော့မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီနဲ့ NUG ဘယ်ကိုယ်စားလှယ် ကိုလက်ခံမလဲ ဆိုတာခုလောလောဆယ်ရေပန်းအစားဆုံးဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲတရုတ်နဲ့ အမေရိ ကန် တို့ကထိုဆုံးဖြတ်ချက်ကို နိုဝင်ဘာလအထိရွှေ့ ဆိုင်းထားဖို့ သဘောတူညီမှုရထား တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ နိုင်ငံကြီးတွေကတော့ အချင်းချင်းလက်ဝါးရိုက်နေကြပြီ။ လက်ရှိအချိန် မြန်မာ့ အရေးအတွက် ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းမှတာဝန်မခံချင်ကြဘူး။ အခြေအနေ ကိုဆက်လက်စောင့်ကြည့်ပြီး နိုင်နိုင်ခြေရှိတဲ့ဘက်ကိုလက်ခံမယ်သဘောဖြစ်နေတယ်။ ဒါကြောင့်ပဲ တော်လှန်ရေးခရီးလမ်းဟာ ရှေ့လျောက်ဒီထက်ပိုကြမ်းတမ်းဖို့ပဲရှိမယ်။ အားလုံးဟာ ကိုယ့်အားကိုယ်ကိုး ရတော့မယ်။ NUG ကလည်း ဒီအချက်ကိုသဘောပေါက်လို့ မနေ့ကတင်ကြေငြာချက် နောက်တစ်စောင် ထပ်ထုတ်ပြန်ထားသေးတယ်။ နိုင်ငံတကာကိုအားကိုးလို့မရတော့တဲ့ အကြောင်းနဲ့ကိုယ့်အစွမ်းအစနဲ့ကို ယ်စစ်အာဏာရှင်စနစ်အမြစ်ပြတ်အောင်တိုက်ဖျက်ဖို့ကိုပေါ့။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...