စစ်အာဏာသိမ်းပြီးကတည်းက ဒေါ်လာဈေးနဲ့ရွှေဈေးဟာ တရိပ်ရိပ်ထိုးတက်နေလိုက်တာ ခုဆိုရင်ဒေါ် လာဈေးက၂၀၀၀ကျော်သွားပြီး ရွှေဈေးက၁၉သိန်းကျော်ထိတက်သွားပါပြီ။ ပြည်သူတွေလက်ထဲက စုငွေတွေဟာ အလိုလိုနေရင်းအငွေ့ပျံကုန်ပြီ။ ရှေ့ဆက်ပီးကျဖို့မရှိဆက်တက်ဖို့ပဲရှိမယ်။
ဒီကြားထဲ ပဲခူးနားမှာ ဘဏ်ကားကို ဓားပြတိုက်ခံရလို့ သိန်းလေးသောင်းကျော်ပါသွားတဲ့ သတင်းတက် လာတယ်။ သိပ်မကြာပါဘူး ၊စစ်ကောင်စီကတရားခံကိုမိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်တယ်၊ ပြီးတော့ PDF ကိုအပြစ်ပုံချတယ်။ လုပ်ဇာတ်ဆိုတာသိသာလွန်းတယ်လေ။ စစ်ကောင်စီဆိုသည်မှာလည်း က ယောင်ခြောက်ခြားနဲ့တစ်ခါတလေကျဘာတွေလုပ်နေမှန်းနားလည်ပေးလို့မရဘူးဖြစ်နေတယ်။