အာဆီယံကိုယ်စားလှယ်က လေးလကြာအပစ်ရပ်ဖို့ပြောလာတယ်။ အကြောင်းပြချက်က လူသားချင်း စာနာမှုအကူအညီတွေ ပေးမလို့တဲ့။ တကယ်က ထပ်ပြီးအချိန်ဆွဲချင်တာပဲ။ ပြည်တွင်းမှာတော်လှန် တိုက်ခိုက်မှုတွေကြောင့် လုံးပါးပါးနေတဲ့စစ်ကောင်စီတပ်တွေကို အနားရစေချင်တာလဲပါမှာပေါ့။ ပြည်သူတွေကတော့ အာဆီယံကဘာပြောပြောအဖက်လုပ်မနေပါဘူး။ စစ်ကောင်စီနဲ့လက်ဝါးရိုက်ထား တယ်ဆိုတာ အားလုံးကသိထားပြီးသားပဲ။ ကိုယ်လုပ်စရာရှိတာဆက်လုပ်ရုံပဲပေါ့။
ဒီနေ့တော့ မန္တလေးကအထင်ကရတောင်သမန်အင်းပတ်လမ်းမှာ စစ်ကားတစ်စီးမိုင်းခွဲတိုက်ခိုက်ခံလိုက် ရတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့မိုင်းခွဲတိုက်ခိုက်မှုတွေဟာမ န္တလေးမြို့ကြီးထိတောင် ကျယ်ပြန့်လာနေ ပြီ။ ကိုဗစ်ကြောင့်ငြိမ်နေတဲ့မန္တလေးဟာသွေးအေးမသွားဘူးဆိုတာပြသလိုက်တာပဲ။