ပီဒီအက်ဖ်တွေကို စစ်ခွေးတွေက နေရာအနှံ့လိုက်ရှာနေတယ်။ လာမယ့် ၇ ရက်နေ့ကျရင် တစ်ခုခုထူး ခြားမယ်ဆိုပြီးအသံတွေထွက်နေတယ်။ ထုံးစံအတိုင်း နှစ်ပတ်စာရိက္ခာသိုလှောင်ဖို့လည်းပြောကြပြန် တယ်။ ဒါတွေက ရန်ကုန်မှာ မထူးဆန်းတော့တဲ့ကိစ္စလိုပဲ။ မင်းအောင်လှိုင်ဖက်ကတော့ ရှုံးမဲမဲနေတဲ့အပြု အမူတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဒီလူ ဘာတွေများဆင်ကြံကြံဦးမလဲမသိဘူး။ အာဏာရူးလူတစ်စုရဲ့ သောက်ကျင့်ယုတ်မှုကြောင်း ကျွန်တော်တို့တွေ အလူးအလဲခံနေရတုန်းပဲ။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...