လှိုင်သာယာမှာ အဖမ်းအဆီးတွေများနေတယ်။ လှိုင်သာယာဖက်ကို သွားစရာရှိလို့သွားမယ်လုပ်တာ ခွေးတွေ လမ်းမှာ ကားကိုတားပြီးဟိုစစ်ဒီစစ်လုပ်နေတယ်လို့ လှိုင်သာယာဖက်မှာ ရှိနေတဲ့သူတွေကဖုန်း ဆက်အကြောင်းကြားတယ်။ ဒီကောင်တွေ ဘာများကလိမ်စေ့ဉာဏ်ဆင်ဦးမလဲမသိဘူး။ အဲဒီဖက်မှာ ကင်းပုန်းလှည့်နေတဲ့ စစ်ခွေးတွေလည်းအများကြီးပဲလို့ကြားတယ်။ လက်နက်ရှိမှ လူတွင်ကျယ်လုပ်ရဲ့ တဲ့ ကောင်တွေကို ဘယ်လိုနည်းနဲ့ အမြစ်ဖြုတ်ရပါ့မလဲဗျာ။
ဒီဇင်ဘာ ၂၅၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
မြန်မာပြည်အနောက်ပိုင်းစစ်ရေးအခြေအနေကတော့ စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ရခိုင်ပြည်နယ်ဂွမြို့ကို အေအေတပ်တော်ကရရှိခဲ့မယ်ဆိုရင် ရခိုင်ရိုးမကိုကျော်ပြီးပြည်မဘက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့လမ်းကြောင်း...