Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မောင်တောမှ ဥရှည်ကျရွာသူကြီး အဖမ်းခံရပြီး ၄၈ နာရီအတွင်း သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အဖမ်းခံရသည့် ရွာသား ၅ ဦးထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးသွားသည်

စက်တင်ဘာ 1, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးသည့် ၄၈ နာရီအတွင်း သေဆုံးသွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

သြဂုတ် ၂၉ တွင် ဥရှည်ကျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဘီအာလောင် အဖမ်းခံရသည့် ယမန်နေ့ (သြဂုတ် ၃၁) မနက်ပိုင်းတွင် သူ၏ ရုပ်အလောင်းကို မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာခြင်း ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် အုပ်ချုပ်ရေးမှူး စက်ဘီးစီးနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြောသည်။

“ဟုတ်ပါတယ်။ သူက ရွာကနေ မောင်တောမြို့ကို စက်ဘီးနဲ့ သွားတဲ့အချိန်မှာ လမ်းမှာ အဖမ်းခံရတာလို့ ကြားပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်။ ဘယ်သူက ဖမ်းသွားတယ်ဆိုတာကို မသိရဘူး။ အဖမ်းခံရတယ်လို့ပဲ ကြားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

အမည်မဖော်လိုသည့် မောင်တောမြို့ခံတစ်ဦးကလည်း ဖမ်းဆီးမှုကို မမြင်တွေ့လိုက်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။

“ဖမ်းဆီးစစ်ဆေးတဲ့အခါ လက်လွန်သွားတာလို့ ယူဆရတယ်” ဟု သူက ပြောသည်။

၎င်းအဖမ်းမခံရခင် ရက်ပိုင်းအလိုတွင် ကြက်ရိုးပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

မောင်တောခရိုင်ပြည်သူ့ရုံကြီးသို့ ရုပ်လောင်းရောက်ရှိလာစဉ် ဆေးရုံအတွင်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲဝန်ထမ်းအများအပြား စောင့်ဆိုင်းနေသည်ကို မြင်တွေ့ လိုက်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံနောက်တစ်ဦးက ပြောသည်။

“အလောင်းကိုတော့ ရင်ခွဲစစ်ဆေးပြီးပြီလို့ သိရတယ်။ အဲဒီမှာ ရဲနဲ့ စစ်တပ်တွေအများကြီး ရောက်နေတာ တွေ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံက ဆေးရုံအုပ် ဒေါက်တာနုကေသီဇံက ယမန်နေ့နံနက်ပိုင်းက ရောက်လာသည့် ရုပ်အလောင်းနှင့် ပတ်သက်ပြီး အသေးစိတ် မသိရကြောင်း ပြောသည်။

“(ဩဂုတ် ၃၁) မနက်က အလောင်းတစ်လောင်းတော့ ရောက်ပါတယ်။ အုပ်ချုပ်ရေးမှူးတစ်ဦးလို့ သိရတယ်။ ဒါပေမဲ့ ဘယ်က အုပ်ချုပ်ရေးမှူးဆိုတာကို မသိဘူး” ဟု ဒေါက်တောနုကေသီဇံက ဆိုသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ Myanmar Now က ယမန်နေ့ တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှာ အစည်းအဝေးလုပ်နေ၍ မအားလပ်ကြောင်း အခြားတစ်ဦးက ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ နောက်ပိုင်း စစ်ပွဲကာလအတွင်း အရပ်သားအများအပြား ဖမ်းဆီးခံရပြီး တချို့မှာ စစ်ကြောရေးစခန်းတွင် နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။

ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေပြီးနောက်ပိုင်း အရပ်သားဖမ်းဆီးခံရမှု နည်းပါးလာရာ စစ်ကြောရေးတွင် သေဆုံးမှုက ရှားပါးဖြစ်ရပ် ဖြစ်လာသည်။

သြဂုတ်လအတွင်း မောင်တောမြို့နယ်မြောက်ပိုင်းမှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို စစ်ကောင်စီက ဖမ်းဆီးနေပြီး ရွာများအတွင်း ဝင်ရောက်စစ်ဆေးနေကြောင်း ဒေသခံတို့က ပြောသည်။

“ရွာထဲမှာ စစ်သားတွေ ရောက်နေတယ်။ စစ်ဆေးနေတယ်။ ဖုန်းပြောလို့မရဘူး။ နောက်မှ ဆက်သွယ်မယ်” ဟု သြဂုတ် ၂၉ နေ့လယ်ပိုင်းတွင် ငါးစားကြူးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်(ခွဲ)မြို့သစ်တစ်ခုဖြစ်သည့် တောင်ပြိုလက်ယာဘက်တွင် လုံခြုံရေးကင်းများချထားသည်ဟု တောင်ပြိုမြို့ခံတစ်ဦးက ပြောသည်။

“အခုတော့ အေးဆေးပါ။ လုံခြုံ‌ရေးတော့ တင်းကျပ်ထားတာ တွေ့တယ်။ တောင်ပြိုယာဘက်မှာ အကြမ်းဖက်အဖွဲ့တွေ ဝင်တယ်လို့ သတင်းကြားတယ်။ အတိအကျတော့မသိဘူး။ ကောလာဟလလည်း ဖြစ်ရင်ဖြစ်မယ်” ဟု ၎င်းတောင်ပြိုမြို့ခံက ပြောသည်။

၂၀၁၇ ခုနှစ် နယ်ခြားစောင့်ရဲကင်းစခန်းများကို အလစ်အငိုက်တိုက်ခိုက်မှုများအပြီး စစ်တပ်က “နယ်မြေရှင်းလင်းရေး” အတွက် ဆောင်ရွက်စဉ် ရိုဟင်ဂျာမွတ်စလင် သိန်းချီထွက်ပြေးခဲ့ရသည်။

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်
သတင်း

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist