စစ်ခွေးတွေရဲ့ဗဟိုဘဏ်ကနေပြီး ဘဏ်တွေမှာငွေထုတ်ယူတဲ့စနစ်ကို ထပ်မံတင်းကြပ်ဖို့သတင်းထုတ်ပြန်တယ်လို့သတင်းကြားရပြန်တယ်။ ရန်ကုန်ရဲ့နေရာတော်တော်များများမှာ စစ်ခွေးတွေလှည့်ပတ်သွားလာနေတယ်။ ကမ္ဘာပေါ်မှာ မလုံ ခြုံဆုံးမြို့ဟာ ရန်ကုန်မြို့ဖြစ်လာကြောင်းသတင်းတွေကဖော်ပြကြတယ်။ ကျွန်တော်ကိုယ်တိုင်က လည်းအဲဒီလိုခံစားမိတယ်။ မြန်မာနိုင်ငံဟာ စစ်ခွေးတွေအောက်မှာမလုံခြုံဘူး။ နိုင်ငံသားတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားနဲ့ရင်ဆိုင်နေရတယ်။ ဒါဟာ အခုမှမဟုတ်ဘူး။ ကျွန်တော်ငယ်ငယ် တုန်းက သန်းရွှေလက်အောက်မှာနေခဲ့တဲ့အတိုင်းခံစားမှုပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


