Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

တန့်ဆည်တွင် စစ်ကောင်စီတပ်က အရပ်သားများကို စီးနင်းသတ်ဖြတ်မှုများ ကျူးလွန်နေ

August 31, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီဝင် တပ်ဖွဲ့ဝင်များ အကြမ်းဖက် ဝင်ရောက်စီးနင်းပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦးအထိ သေဆုံးမှုရှိလာပြီး ရွာများကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့် ပြည်သူ ထောင်ချီရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၂၅ ရက်နေ့က တန့်ဆည်မြို့နယ်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ လက်နက်ချပြီး ပြည်သူများ ပူးပေါင်းရန်နှင့် မပူးပေါင်းပါက နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရွာများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

PDF တပ်ဖွဲ့များဟု စွပ်စွဲသတ်ဖြတ်ခံနေရသည့် ဒေသခံများ (ဓာတ်ပုံ – CJ)

တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျ၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ တပိုး၊ အိုင်လျား၊ နှမ်းခင်းကြီး၊ သစ်တော်ပေါက်၊ သစ်စေးကုန်း အစရှိသည့် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကာပေါင်းကျရွာခံ တဦးက “သူတို့လာလို့ ပြေးတယ်ဆိုတာနဲ့ မဲမဲမြင်ရာ ပစ်နေတာ။ ရွာလုံးကျွတ်ထွက်ပြေးရတာပဲ။ ရွာထဲကို ပြန်မဝင်ရဲသေးဘူး ခုထိ” ဟု ပြောသည်။

ကာပေါင်းကျ ကျေးရွာကို ဩဂုတ်လ ၂၆ ရက်၊ နံနက် ၃ နာရီခန့်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီး နင်းရာ ဖမ်းဆီးခံရသည့် ဒေသခံ ပြည်သူ ၅ ဦးကို သေနတ်ဒဏ်ရာများဖြင့် ရွာအနီးဝန်းကျင်တွင် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ စီးနင်းမှုကြောင့် တန့်ဆည်မြို့နယ်က ဒေသခံများ ထွက်ပြေးပုန်းရှောင်နေရ (ဓာတ်ပုံ – CJ)

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများကို တောနင်းရှာဖွေ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ သြဂုတ်လ ၂၇ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ မောင်နှမ ၂ ဦး ကျည်ထိမှန်ခဲ့ပြီး အစ်ကိုဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ (သြဂုတ် ၃၁) ရက်နေ့ တွင်လည်း ကပေါင်းကျရွာ အနီးတွင် ပုပ်ဆွေးနေပြီဖြစ်သော ရုပ်အလောင်း တခု တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ တဦးက “ခွေးများလို မဲမဲမြင်ရာ ကိုက်နေတဲ့ စစ်ကောင်စီကနေပြီးတော့ PDF တန့်ဆည်ရဲ့ ကာကွယ်ရေးတပ်မလို့ သတ်ပစ်တာ ဆိုပြီး ပြောနေတာရှိတယ်။ အဲဒီမှာ တန့်ဆည်ရဲ့ ကာကွယ်ရေးတပ်လို့ ပြောရလောက်တဲ့ လူက လောက်လောက် လားလား တယောက်မှ မပါဘူး။ သူ့ဘာသာသူ တောထဲအလုပ်လုပ်တဲ့လူ သူ့ဘာသာ အိမ်ထဲနေတဲ့ လူတွေကို ရိုက်နှက်ခေါ်ပြီးတော့ သတ်ပစ်တာကိုပဲ တွေ့ရတယ်။ အဲဒီအတွက်ကတော့ တော်တော်လေး နာကျည်းစရာ ကောင်းတယ်” ဟု ဆိုသည်။

စစ်ကောင်စီ စီးနင်းမှုကြောင့် တန့်ဆည်မြို့နယ်က ဒေသခံများ ထွက်ပြေးပုန်းရှောင်နေရ (ဓာတ်ပုံ – CJ)

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက “PDF ဆိုတိုင်းလည်း သတ်လို့မရဘူး။ လက်နက်မကိုင်ထားတဲ့ PDF၊ ဖမ်းဆီးခံထားရတဲ့ PDF တွေကိုတောင်မှ သတ်လို့မရဘူး။ PDF ဆိုပြီးလည်း တံဆိပ်တပ်ပြီး သတ်လို့ မရသလို အရပ်သားတွေကို သတ်တဲ့အခါမှာ PDF ဆိုပြီးတော့ အမှန်တရားကို ဖုံးကွယ်ပြီးတော့ လုပ်ဆောင်တာက လုပ်လို့ မရတာမျိုးရှိတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ကျေးရွာများအတွင်း စစ်ကောင်စီက ဝင်ရောက်စီးနင်း ဖမ်းဆီး နှိပ်စက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေခြင်းသည် လူသားမျိုးနွယ် အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပြီး စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကိုပါ ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မျိုးမင်းက “ဒါက သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုထက် လွန်ပြီးတော့ တမင်သက်သက် စစ်ရေးအရ ရည်ရွယ်ချက် ရှိရှိနဲ့ ပြည်သူ လူထုကို ဦးတည်ပြီးတော့ လုပ်ဆောင်တယ်။ စနစ်တကျ လုပ်ဆောင်တာဖြစ်သလို ထိခိုက်မှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်။ ဒါက လူသားမျိုးနွယ် တခုလုံးကို ချိုးဖောက်တဲ့ လူ့အခွင့်အရေးလို့ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ စီးနင်းမှုကြောင့် တန့်ဆည်မြို့နယ်က ဒေသခံများ ထွက်ပြေးပုန်းရှောင်နေရ (ဓာတ်ပုံ – CJ)

၎င်းက ဆက်၍ “စစ်တပ်က စစ်ရေးအရ ချိုးနှိမ်ဖို့ စစ်ရေးအရ ထိုးစစ်ဆင်ဖို့ စစ်ရေးအရ ချေးမှုန်းဖို့ ပုံစံမျိုး လုပ်ဆောင်တဲ့အခါမှာ ဒါက လက်နက်ကိုင် ပဋိပက္ခအသွင်ကို ရောက်သွားပြီ။ လက်နက်ကိုင် ပဋိပက္ခအသွင်ရှိတဲ့ နေရာဒေသမှာ အပြစ်မဲ့ပြည်သူတွေကို ကျူးလွန်ခြင်းကတော့ နောက်ထပ်တခုဖြစ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု (War Crime) အထိကို ရောက်နေပြီလို့ ပြောလို့ရပါတယ်” ဟုပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ ကျူးလွန်သည့် အချက်အလက်များကို စုဆောင်းနေပြီး နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ကဲ့သို့ တရားစီရင်နိုင်မည့် လမ်းကြောင်းအပြင် အရေးယူ အပြစ်ပေးနိုင်မည့် တရားဥပဒေ လမ်းကြောင်းများကို NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဦးတည်ချက်တရပ် ချမှတ်ပြီး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ မင်းကင်း၊ မြောင်၊ ယင်းမာပင်၊ ကနီ နှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို အစရှိသည့် မြို့နယ်များအတွင်း စီမံချက်ဖြင့် တရွာဝင်တရွာထွက် ဝင်ရောက်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး စခန်းများကို စီးနင်းခြင်း ၊ ပြည်သူများကို ဖမ်းဆီးခြင်း အပြင် ပစ္စည်းများ ယူဆောင်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Source:  ဧရာဝတီ

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English