နယ်မြို့အချို့မှာ စစ်ကောင်စီတပ်တွေသောင်းကျန်းနေတယ်။ ဥပမာအားဖြင့် ရေစကြိုနဲ့မြောင်မြို့ နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို စစ်တပ်ကဝင်ရောက်မွှေနှောက်နေတယ်။ တော်တော် လေးစိတ် ပျက်စရာကောင်းတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေကိုနှိပ်စက်ဖမ်းဆီးနေတယ်။ ခင်ဦးမြို့မှာလည်း ဈေးရောင်းရာကနေပြန်လာတဲ့ဇနီးမောင်နှံကိုစစ်တပ်က ပစ်သတ်လိုက်တယ်။ သူတို့ရဲ့ဦးတည်ချက် က ပြည်သူတွေကို နှိပ်စက်စော်ကားဖို့ပဲဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ခံရခက်လှပြီ။ ဘာဆက်လုပ်ရ မလဲမသိတော့ဘူး။ ဒီကောင်တွေကို အမြစ်ဖြုတ်ချင်နေပြီ။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...