ကလေးမြို့တောင်ပိုင်းက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ တင်သားကျေးရွာကို စစ်ခွေးတွေက မီးရှို့ခဲ့ပါ တယ်။ အခြားမြို့အသီးသီးမှာလည်း ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်နေပါတယ်။ ရန်ကုန်မှာဆို ရင်လည်း ညဖက်တွေမှာ အိမ်တွေထဲကိုဝင်စီးပြီး လူတွေကိုဖမ်းခေါ်သွားတယ်။ နေ့လည်ဖက်ဆိုရင် လည်း သူတို့မကျေနပ်တဲ့သူတွေကို ဖမ်းဆီးနှိပ်စက်တယ်။ သူတို့လုပ်ချင်ရာလုပ်နေကြတယ်။ အရာ ရာကိုလက်နက်အားကိုးနဲ့မင်းမူနေကြတယ်။ တစ်နေ့ပြီးတစ်နေ့ ရိုးအီမသွားဘူး။ မြန်မာပြည်က လူတွေလည်း သူတို့ရဲ့ဒုက္ခပေးမှုအောက်မှာပဲဆုံးပါးသွားကြမလား။ အရေးတော်ပုံအောင်တဲ့အထိပဲ တောင့်ခံနိုင်ကြမလားမပြောတတ်တော့ဘူး။ သေချာတာကတော့ မအလနဲ့ အပေါင်းပါတစ်စုကို အရမ်းကိုမုန်းတီးနာကျဉ်းနေကြတယ်။ သတ်ပစ်ချင်လောက်အောင်စက်ဆုပ်ရွံရှာကြပါတယ်။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...