ဒီနေ့လူပြောများတာက စစ်ကောင်စီကို ရုရှားက ဒုံးလက်နက်များပေးပို့မယ့်ကိစ္စပါ။ အဲဒီလက်နက် တွေသာရလာခဲ့ရင်စစ်တပ်ကဘယ်လောက်ထိဆက်ပြီး ဇောင်းကြွဦးမလဲမြင်ယောင်သေးတယ်။ အဲဒီ လက်နက်ရဲ့အားနည်းချက်၊ အားသာချက်တွေအကြောင်းကို ဆိုရှယ်မီဒီယာမှာမျှဝေခဲ့ကြတယ်။ ပြီးတော့ ဇော်မဲလုံးတို့လုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကိုလည်း ပြောနေကြသေးတယ်။ ကောင်းကြောင်းတော့မဟုတ်ပါဘူး။ ဇော်မဲလုံးကဘယ်လိုကလိမ်ကကျစ်လိမ်ညာနေမလဲဆိုတာကို ဟာသသဘောနဲ့ပြောကြတာပါ။ ပြည်သူတွေအနေနဲ့ အခုချိန်မှာ စိတ်ပျော်ရွှင်စရာဆိုလို့ စစ်ခွေး အုပ်စု က ပြုမူနေတဲ့ အောက်တန်းစားလုပ်ရပ်တွေကို လှောင်ရုံပဲရှိတာလေ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...