ကျွန်တော်နေတဲ့ရပ်ကွက်မှာပဲ ညတုန်းက ဧည့်စာရင်းလာစစ်တယ်။ ကျွန်တော်ကတော့ အိပ်ပျော် နေတော့ ထမကြည့်မိဘူး။ အိမ်ကိုလည်းလာမစစ်သွားပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဧည့်စာရင်း တိုင်ဖို့ ပြင်ကြရတယ်။ ဘယ်လောက်များဒေါသထွက်စရာကောင်းလိုက်ပါသလဲ။ ကိုယ့်အိမ်မှာကိုယ်နေ တာပဲ။ ဧည့်စာရင်းမတိုင်ထားရင်ဖမ်းမယ်တဲ့။ သူတို့ဖမ်းချင်ရင်ဘယ်အရာဖြစ်ဖြစ်ဖမ်း ဆီးနှိပ်စက်နေ ကျပဲကို။ အကြောင်းပြချက်ပေးလည်း ပြည်သူလူထုကမယုံတော့ပါဘူး။ သူတို့ကိုကြောက်အောင် ပုံစံမျိုးစံနဲ့လုပ်နေတာ။ ပြည်သူတွေက သူတို့ကိုဘယ်လောက်တောင်မုန်းတီး ရွံရှာနေသလဲဆိုတာ ကမ္ဘာကတောင်သိပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


