စစ်တပ်ရဲ့ခြေလှမ်းတွေက ပိုပြီးအရှိန်ပြင်းလာတယ်ဆိုတာ သိသာလာတယ်။ ကေအမ်ယူနယ်မြေ အများစုကို စစ်တပ်က ထိုးစစ်ဆင်နေသလို နယ်မြို့အချို့တွေကို ဝင်ရောက်ပစ်ခတ်နေတယ်။ သူတို့အတွက်က ဒီအလုပ်ပဲလုပ်တတ်တော့တယ်။ သူတို့ဆီမှာလက်နက်ရှိတယ်ဆိုပြီး ထင်တိုင်းကြဲ နေတယ်။ စစ်ခွေးတွေရဲ့ ရက်စက်မှုအောက်မှာ ပြည်သူတွေက အလူးအလဲခံနေရတုန်း ပဲလို့ဆိုနိုင် တယ်။ ဘယ်လိုပဲ ဆိုဆို သူတို့လက်ထဲမှာ လက်နက်အင်အားရှိနေတဲ့အတွက်ကြောင့် ပြည်သူတွေဟာ သူတို့ပြုသမျှနုကြရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...