ခြောက်လကျော်အတွင်းမှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၁၀၀၆ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ခဲ့တယ်။ ဒါက သူတို့မှတ်တမ်းတင်ထားတဲ့အရေအတွက်ပဲဖြစ်ပြီး တကယ်တမ်းမှတ်တမ်းမတင်နိုင်တဲ့ အရေအတွက် တွေအများကြီးရှိနေတယ်ဆိုတာ ပြည်သူအားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ သူတို့ရဲ့ရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့ပဲတုန့် ပြန်တုန့်ပြန် မကျေနပ်နိုင်ပါဘူး။ တန့်ဆည်၊ မန္တလေးအပါအဝင် နေရာအနှံ့မှာ တော့ စစ်ကောင်စီကိုဆန့်ကျင်တဲ့သပိတ်တွေကျင်းပနေတုန်းပဲ။ တော်လှန်ရေး အရှိန်ကရပ်တန့် မသွားပါဘူး။ ကိုဗစ်ဖြစ်ပွားမှုနှုန်းက တစ်ဖြည်းဖြည်းလျော့လာတယ်လို့ယူဆလို့ရတယ်။ အခုရက်ပိုင်း အောက်ဆီဂျင်ရှာတဲ့သူတွေနည်းလာတယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...