အောင်လံလွှင်ချီနွေဦးထီကိုအန်ယူဂျီ အစိုးရက ဒီနေ့စရောင်းတယ်။ ညနေလေးနာရီမှာ စရောင်းတာ စရောင်းပြီးတစ်နာရီအတွင်း ထီလက်မှတ်ငါးသောင်းပြိုက်ခနဲကုန်သွားတယ်။ အားပေးကြမ်းကြ တယ်။ အဲဒီလိုပဲတစ်ဖက်မှာလည်း ရဖယ်လက်မှတ်ဝယ်ဖို့စိတ်ဝင်စားကြတယ်။ မြို့အသီးသီးမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့သပိတ်တွေဒုနဲ့ဒေး နေ့စဉ်နဲ့အမျှပေါ်ပေါက်နေတယ်။ ဘက်စုံတောင့်စုံ ကနေတိုက်ခိုက်တွန်းလှန်နေကြတယ်။ စစ်ကောင်စီဘက်ကလည်းအလျှော့မပေးဘူး။ သူတို့ကပဲ ပြည်သူကိုအနိုင်ရထားတဲ့ပုံစံနဲ့ဆက်ဆံပြောဆိုပြုမှုနေတုန်းပါပဲ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


