ဒီနေ့တွေ့ရတဲ့သတင်းကတော့ စိတ်မကောင်းစရာပေမယ့် လူတွေကဝမ်းမနည်းကြဘူး။ ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လိုက်ပါလာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးတဲ့သတင်းပါ။ သေဆုံးသွားတဲ့ ရဲတွေရဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်တွေမှာ ပြန့်နှံ့လာတယ်။ အဲဒါကိုဖတ်ပြီး ဝမ်းနည်းတဲ့လူထက် ဝမ်းသာတဲ့သူကများတယ်။ ကျွန်တော်ရော။ ကျွန်တော်လည်းဝမ်းသာတဲ့လူထဲပါတယ်။ သူများသေလို့ လူသေလို့ဝမ်းသာတာမဟုတ်ဘူး။ စစ်ခွေးတွေ ရဲခွေးတွေလျော့သွားလို့။ ပြည်သူလူထုကို ဒုက္ခပေါင်းစုံပေးနေတဲ့သူလျော့သွားလို့ဝမ်းသာတဲ့သဘောပါပဲ။ ဒါဟာတရားပါတယ်။ ကျွန်တော်တို့ မှာလည်း သူတို့သေတာဝမ်းသာခွင့်ရှိပါတယ်။ လူပေါင်းတစ်ထောင်ကျော်ကို သူတို့က ရက်ရက်စက် စက်သတ်ပြီးပြီမဟုတ်လား။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...