ငွေစက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေနေတဲ့သတင်းထွက်လာတယ်။ စစ်ကောင်စီအနေနဲ့ ဘယ်ဖက်က မှမအောင်မြင်ဘူး။ ဒီတော့ သူတို့ပိုက်ဆံရနိုင်တဲ့လမ်းကြောင်းတွေကို တတ်နိုင်သမျှရှာ တယ်။ ဘယ်နေရာကလာဘ်ရမလဲ၊ ဘယ်နေရာက အချိုအချောင်ရမလဲဆိုတာတွေကို အမြဲတမ်းစဉ်းစားနေ တယ်။ အခုအခြေအနေကပိုဆိုးတယ်။ တောမှာဆိုရင်လည်း တောကိုရောက်နေတဲ့စစ်ခွေးတွေ က ရွာထဲဝင် တွေ့ရာခိုးယူသွားတယ်။ ရွာသားတွေကို နှိပ်စက်သတ်ဖြတ်တယ်။ မြို့မှာဆိုရင်လည်း ဒီအတိုင်းပဲ။ မထင်ရင်မထင်သလို လူတွေကိုရိုက်နှက်ကန်ကျောက်တယ်။ သူတို့လိုချင်တဲ့ပစ္စည်း တွေကိုဆိုရင်လည်း ခွင့်မတောင်းဘဲနဲ့လုသွားတယ်။ ခိုးသွားတယ်။ ကဲ …စစ်တပ်ကျေးဇူးဘာရှိလဲ။ တကယ်ပဲ။ စစ်တပ်ပေးတဲ့ကောင်းကျိုးဆိုလို့ မြူတစ်မှုန်မှတောင်မရှိခဲ့ဘူး။ အရင်တုန်းကလည်း မရှိခဲ့ သလိုအခုလည်းမရှိဘူး။ ဒီတော့ ဒီစစ်အာဏာရှင်မျိုးဆက်ပြတ်သုဉ်းမှရမယ်။
စက်တင်ဘာ ၀၈၊ ၂၀၂၃။ (သောကြာ)
NUGကခုခံတော်လှန်စစ်နှစ်နှစ်ပြည့်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်လိုက်တယ်။ထိုအစီရင်ခံစာထဲမှာတော့NUGကတပ်ရင်း၃၀၀ကျော်ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း၊ဒီနှစ်နှစ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပေါင်း၉၉၀၀ကျော်ဖြစ်ပွားခဲ့ပြီးရန်သူအင်အားသုံးသောင်းကျော်ခြေမှုန်းထားနိုင်ကြောင်း၊ထွက်ပြေးသူလက်နက်ချသူတစ်သောင်းကျော်ရှိကြောင်း၊ဒါ့ကြောင့်ရန်သူစုစုပေါင်းအင်အားရဲ့၁၅ရာခိုင်နှုန်းခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်းတင်ပြထားတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်ကိုနှိုင်းယှဉ်ပြီးပထမနှစ်ကိုမဟာဗျူဟာခံစစ်ကာလ၊ဒုတိယနှစ်ကိုထိုးစစ်အကြိုကာလအဖြစ်သတ်မှတ်ထားတယ်။ဒုတိယနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆကျော်တိုးမြှင့်ဆင်နွှဲနိုင်ခဲ့ကြောင်းယခုအချိန်မှာမဟာဗျူဟာမြောက်ထိုးစစ်အတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်းလဲတင်ပြထားတယ်။