၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အချင်းချင်းမျှဝေပြောဆိုကြတယ်။ ဖရိန်တွေပြောင်းကြတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်ကြောင်းသပိတ်မှောက်ပွဲတွေဆက်တိုက်ကျင်းပကြတယ်။ ရက်တွေကြာလာတာနဲ့အမျှ စိတ်ထဲမှာက တစ်စက်ကလေးမှ ပေါ့ပါးမသွားဘူး။ စစ်ခွေးတွေနဲ့ပတ်သက်ရင် နာကျင်နေတုန်းပဲ။ ကရင်အာဇာနည်နေ့ပြောင်းသလို အန်ယူဂျီကိုထောက်ခံ ကြောင်း ကာဗာပုံတွေလည်း ဖေ့စ်ဘုတ်မှာပြောင်းနေကြတုန်းပဲ။ သူတို့က ပြောင်းတဲ့သူတွေကို ဖမ်းမယ်ဆိုပြီးကြေညာပြီးနောက်ပိုင်းပိုပြောင်းကြတာ။ အဲဒီလောက်ထိကြောက်ကြတာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


