ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တိုက်ခန်းတစ်ခုကိုစီးနင်းခဲ့တယ်။ ခေါင်မိုးပေါ်ထွက်ပြေးတဲ့ လူငယ်ထဲကနေ သုံးယောက်သေပြီး နှစ်ယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်။ အဲဒီသူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲ ကြောင်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာ အသီးသီးတင်ခဲ့ကြတယ်။ မနေ့ကရယ် ဒီနေ့ရယ်ဟာ အဲဒီသူရဲကောင်းငါးယောက်အတွက် ပြည်သူထုတစ်ရပ်လုံးကဂုဏ်ပြုဝမ်းနည်းဦးညွှတ်တဲ့နေပဲ။
နောက်ဘဝ မြန်မာနိုင်ငံမှာလူမဖြစ်ပါစေနဲ့ သူရဲကောင်းတို့ရေ။ ဒီလောက် မတရားမှုတွေပြည့်နှက် နေတဲ့နိုင်ငံမှာ လူဖြစ်ရတာဘယ်လောက်တောင်များကံဆိုးပါလိမ့်။ စစ်ကောင်စီရဲ့ဘက်တော်သား အများအပြားကို ဖေ့စ်ဘုတ်ကနေဖယ်ရှားလိုက်တယ်လို့မနေ့ကသတင်းထုတ်ပြန်ခဲ့တယ်။ စစ်အာဏာ သိမ်းကတည်းက စစ်ခွေးတွေကို ဆန့်ကျင်တဲ့သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ပြည်သူလူထု တစ်ရပ်လုံးလည်းရှိနေပြီ။ ဘာလို့များ ဒီမအလအုပ်စုပြုတ်မကျနိုင်သေးတာလဲ။ ခြောက်လကျော် လာပြီလေ။ လူတွေလည်းပင်ပန်းလာပြီ။ စစ်ခွေးတွေကရောမပင်ပန်းဘဲနေပါ့မလား။ လူတစ် စ အတွက် တိုက်ပွဲဝင်ပေးနေတဲ့ စစ်ခွေးတွေကိုလည်း အံဩမိတယ်။ မတရားမှုက ဘာလို့ကြာရှည် နေပါလိမ့်။