အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာသံတမန်ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံတဲ့သတင်းက ကမ္ဘာ ကျော်သွားတယ်။ ဒီအဖြစ်အပျက်က ဘယ်သူ့လက်ချက်လဲဆိုတာ လူတိုင်းသိတယ်။ စစ်ကောင်စီဟာ အယုတ်တကာ့အယုတ်ညံ့ဆုံးသောပုံစံတွေကို သုံးပြီးရင်းသုံးလာတယ်။ ပြည်သူတွေလည်း စစ်ခွေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်အားမရှိတော့လောက်အောင်ပါပဲ။ ရောဂါဘယဒဏ်ကိုလည်းအလူးအလဲခံနေရတယ်။ ဒီ ရက်သတ္တပတ်က ကိုဗစ်ဖြစ်ပွားမှုနှုန်းအားလျော့သွားမယ်လို့ ခန့်မှန်းကြတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...